ရည်ရွယ်ချက်နှင့် အကျုံးဝင်မှုနယ်ပယ်အတိုင်းအတာ
Grand Royal Group international (GRGI) သည် စီမံအုပ်ချုပ်မှုလုပ်ငန်းများ၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ တာဝန်ယူမှု-တာဝန်ခံမှု၊ လုပ်ငန်းတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်မှု နှင့် တစ်စုံတစ်ယောက် တာဝန်ဝတ္တရားများကို ဂရုတစိုက်ဆောင်ရွက်ခြင်း စသည်တို့တွင် အမြင့်မားဆုံးသော စံချိန်စံညွှန်းများကို ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ဤမူဝါဒသည် GRGI တွင် အလုပ်လုပ်ကိုင်နေသော (သို့မဟုတ်) GRGI နှင့် လုပ်ငန်းဆောက်ရွက်လျက်ရှိသော လူပုဂ္ဂိုလ်တိုင်းအနေဖြင့် ယုံကြည်မှု၊ ကာကွယ်မှုအပြည့်တို့ဖြင့် အဖွဲ့အစည်း၏မည်သည့်အဆင့်တွင်မဆိုရှိသော ၎င်းတို့သိရှိထားသည့် မမှန်မကန်ပြုလုပ်ခြင်းများ/လိမ်လည်ခြင်းများကို အဆင်ပြေစွာ တိုင်ကြားနိုင်မည် ဖြစ်ပါသည်။
မမှန်မကန်ပြုလုပ်ခြင်း/လိမ်လည်ခြင်းတွင် ပါဝင်သော လုပ်ဆောင်ချက်များ
- မမှန်မကန်ပြုလုပ်ခြင်း/လိမ်လည်ခြင်း ဆိုသည်မှာ အကြောင်းအရာတစ်စုံတစ်ခုကို စကားလုံးများဖြင့် သော်လည်းကောင်း၊ နေထိုင်ပြုမူခြင်းဖြင့်သော်လည်းကောင်း၊ မှားယွင်းသော စွပ်စွဲချက်များဖြင့်သော်လည်းကောင်း၊ ထုတ်ဖော်ပြောကြား ရမည့်အရာများကို ကွယ်ဝှက်ထိန်ချန်ခြင်းဖြင့်သော်လည်းကောင်း မှားယွင်းစွာ တင်ပြခြင်း
- တရားနည်းလမ်းမကျသော (သို့မဟုတ်) ဥပဒေကိုချိုးဖောက်ရန်လိုသော တရားမဝင်လုပ်ဆောင်ချက်များ/ ညွှန်ကြားချက်များ၊ လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုခြင်းများ (သို့မဟုတ်) အများပြည်သူ၏ကျန်းမာရေး (နှင့်/သို့မဟုတ်) ဘေးကင်းလုံခြုံရေးကို အန္တရာယ်ရှိစေသည်အထိ ထိခိုက်စေခြင်း
- လူပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုထံမှ ငွေကြေး(သို့မဟုတ်) အခြားအကျိုးအမြတ် တစ်စုံတစ်ရာရရှိရန် (သို့မဟုတ်) ပြုလုပ်ရမည့်တာဝန်ကိုရှောင်လွှဲရန် ပြုမူဆောင်ရွက်ခြင်း (သို့မဟုတ်) လိုက်နာရန်ပျက်ကွက်ခြင်း၊ သိလျက်နှင့်ဖြစ်စေ၊ မသိပဲနှင့်ဖြစ်စေ လှည့်စားခြင်း (သို့မဟုတ်) လှည့်စားရန်ကြိုးစားခြင်း ၊ အလွဲတင်ပြခြင်း
- ကုမ္ပဏီပိုင် ရံပုံငွေများ၊ အစုရှယ်ယာငွေများ၊ ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း
- ငွေကြေး အစီအရင်ခံစာများနှင့် နှစ်စဉ် အစီအရင်ခံစာများတွင် မှားယွင်းစွာ တင်ပြမှုခြင်း
- ကုမ္ပဏီ၏ လက်ဆောင်ပေးခြင်း မူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကန်ထရိုက်တာများ၊ ရောင်းချသူများ၊ ပြိုင်ဖက်များ၊ လက်တွဲလုပ်ဆောင်သူများ (သိုမဟုတ်) ကုမ္ပဏီသို့ ပစ္စည်းများကို (သို့မဟုတ်) ဝန်ဆောင်မှုများကို ပေးနေသူများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တန်ဖိုးရှိသော မည်သည့်ပစ္စည်း တစ်စုံတစ်ရာကိုမဆို လက်ခံရယူခြင်း (သို့မဟုတ်) တောင်းခံခြင်း များပြုလုပ်ပြီး ဆုံးဖြတ်ချက်များကို မသင့်လျော်သောနည်းလမ်းများဖြင့် လွှမ်းမိုးစေခြင်
ရုံးတွင်း ထုတ်ဖော်ပြောဆိုတိုင်ကြားသူကို ကာကွယ်ပေးခြင်း
GRGI ၏ ဝန်ထမ်းများအနေဖြင့် မှားယွင်းသော (သို့မဟုတ်) မရိုးသားသော လုပ်ဆောင်ချက် ဖြစ်ပွားနေသည်ဟူသော ယုံကြည်ချက်ဖြင့်တိုင်ကြားသော ရုံးတွင်းထုတ်ဖော်ပြောဆိုသူကို လက်တုန့်ပြန်ခြင်းမျိုး ပြုလုပ်၍ မရနိုင်ပါ။
ဤစာပိုဒ်အရ ရုံးတွင်း ထုတ်ဖော်ပြောဆိုတိုင်ကြားသူဆိုသည်မှာ မမှန်မကန်ပြုလုပ်ခြင်း/လိမ်လည်ခြင်း ဖြစ်ပွားနေသည် (သို့မဟုတ်) ဖြစ်ပွားခဲ့ခြင်းရှိသည်မှာ မှန်ကန်သည်ဟု သိရှိထားပြီး စိတ်ရင်းမှန်ဖြင့် တိုင်ကြားချက်များကိုပြုလုပ်သော လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူပုဂ္ဂိုလ်များပါဝင်သောအုပ်စုဖြစ်ပါသည်။
လက်တုန့်ပြန်ခြင်းအတွက် တိုင်ကြားချက်ရရှိပါက စာရင်းစစ်ဌာနမှ စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်မည်ဖြစ်ပြီး လိုအပ်ပါက ရုံးတွင်းထုတ်ဖော်တိုင်ကြားသူ၏ ရပိုင်ခွင့်များကို ကာကွယ်ပေးရန်နှင့် မျှတစွာစစ်ဆေးပေးရန် ကြားကာလတွင် သက်သာခွင့်များရရှိအောင် စာရင်းစစ်ကော်မတီဥက္ကဌ၏ ခွင့်ပြုချက်တောင်းခံ၍ ခွင့်ပြုချက်အရ ဆောင်ရွက်ပေး မည်ဖြစ်ပါသည်။
တိုင်ကြားနိုင်သော လမ်းကြောင်းများ
ဒါရိုက်တာများအနေဖြင့် မမှန်ကန်သောလုပ်ဆောင်ချက်များကို သတိပြုမိပြီး ပက်သက်ဆက်နွယ်မှုများရှိနေပါက စာရင်းစစ်ကော်မတီ ဥက္ကဌထံသို့ တိုက်ရိုက်တိုင်ကြားနိုင်ပါသည်။ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် မမှန်ကန်သော လုပ်ဆောင်ချက်များကို သတိပြုမိပြီး ပက်သက်ဆက်နွယ်မှုများရှိနေပါက ၎င်းတို့၏ အထက်အရာရှိကို တိုင်ကြားနိုင်ပါသည်။ သို့သော်လည်း၎င်းတို့အနေဖြင့် ရုံးတွင်းစာရင်းစစ်ခေါင်းဆောင်နှင့် စာရင်းစစ်ကော်မတီ ဥက္ကဌထံ သို့တိုက်ရိုက်တိုင်ကြား ခြင်း ပြုလုပ်နိုင်သည့်အပြင် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ whistleblowing@grandroyal-group.com သို့လည်း ပေးပို့တိုင်ကြားနိုင်သည်။
လုပ်ထုံးလုပ်နည်းများ
စွပ်စွဲချက်တိုင်ကြားချက်တစ်ခုကိုရရှိလျှင် စာရင်းစစ်ကော်မတီဥက္ကဌသည် ထိုအချက်အလက်များကို ဦးစွာဆန်းစစ်လေ့လာမည်ဖြစ်ပြီး လိုအပ်လျှင်တိုင်ကြားသူကိုလည်း မေးမြန်းသွားမည်ဖြစ်ပါသည်။ ထို့နောက် အခြေအနေများအရ တရားဝင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ခွင့်ပြုမိန့် ပေးသင့်၊ မပေးသင့်ကို ဆုံးဖြတ်ပြီး ခွင့်ပြုမိန့်ပေးပြီးပါက သင့်လျော်သော စုံစမ်းစစ်ဆေးမှုလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
မူဝါဒကို လွဲမှားစွာ အသုံးချခြင်း
ဖျက်လိုဖျက်ဆီး ပြုလုပ်ရန်ရည်ရွယ်သော စွပ်စွဲတိုင်ကြားချက်များ (သို့မဟုတ်) တိုင်ကြားရန်အချက်အလက်များ မှားယွင်းနေမှန်း သိလျက်နှင့် လိမ်ညာ၍ ပြုလုပ်သော စွပ်စွဲတိုင်ကြားမှုများကို ကုမ္ပဏီမှ လုံးဝလက်ခံမည် မဟုတ်ပါ။ ထိုကဲ့သို့ လိမ်ညာ၍ စွပ်စွဲတိုင်ကြားမှုများကို ပြုလုပ်သည်ဟု သိသာထင်ရှားပါက ထိုသူူများသည် MDC ၏ ကျင့်ဝတ်စည်းမျဉ်းများ၊ ကုမ္ပဏီစည်းကမ်းများနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခံရမည်ဖြစ်ပါသည်။သို့သော် ဖြင့် ကောင်းစေလိုသောယုံာကြည်ချက်ဖြင့် တိုင်ကြားခြင်း ဖြစ်သည်ဟု သိသာထင်ရှားပါသူများအတွက် အထက်ပါ အရေးယူမှုမျိုး ရှိမည်မဟုတ်ပါ။
အကြံဉာဏ်ရယူရန်
ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ဤမူဝါဒနှင့်ပတ်သက်၍ သိရှိလိုသော အကြောင်းတစ်စုံတစ်ရာရှိပါက (တရားဝင်တင် ပြချက်မျိုး ပြုလုပ်ရန် မလိုအပ်ပဲ) ၎င်းတို့၏ အထက်အရာရှိ၊ ရုံးတွင်းစာရင်းစစ်ခေါင်းဆောင် (သို့မဟုတ်) စာရင်းစစ်ကော်မတီ ဥက္ကဌထံသို့ စုံစမ်းမေးမြန်းဆွေးနွေးမှုများ ပြုလုပ်နိုင်ပါသည်။