
Photograph of Myanmar Employer Award 2020

Mr. Rahul Colaco is the CEO of Grand Royal Group International, having joined the organization in October 2020.
He is a business leader with a track record of leading diverse teams, building successful organisations and creating strong shareholder value in challenging business environments. He brings with him 23 years of global FMCG experience in leadership and change management roles in emerging and developed markets across Food & Beverage and Home & Personal Care categories, in Asia, Europe & Africa.
His most recent assignment was President of the China business for Friesland Campina, one of the world’s leading dairy companies. He also worked extensively at Unilever in India and Europe across finance, supply chain and marketing roles.
Rahul is an MBA graduate from the International Institute for Management Development (IMD), Lausanne and a Chartered Accountant from India.
Grand Royal Group International (GRGI) သည်၊ မြန်မာနိုင်ငံတွင်၊ နာမည်ကျော် ဝီစကီ အမှတ် တံဆိပ်များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင်၊ ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ် ပြည့်၊ ငွေရတုနှစ်ပတ်လည်ကိုဆင်နွှဲခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း ( ၂၅) နှစ်ကြာ၊ အတွေ့အကြုံများကြောင့်၊ မြန်မာ ပြည်တွင်း ယမကာထုတ်လုပ်ခြင်းကဏ္ဍတွင်၊ ဦးဆောင်နိုင်ခြင်းကို အများက အသိအမှတ်ပြုထားခြင်းလည်း လက်ခံရရှိထားသည်။ နိုင်ငံတွင်းတွင်၊ ဆုတံဆိပ်များသာမက၊ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုသော၊ ထိပ်တန်း ဝီစကီအမှတ်တံဆိပ်များတွင်၊ အကောင်းဆုံးဝီစကီ အတွင်းတွင်ပါဝင်ခဲ့သည်။
GRGI ၏ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က၊ “ကုမ္ပဏီ (၂၅) နှစ်ပြည့်အထိမ်းအမှတ်နဲ့အတူ၊ အခါ အခွင့်ကြုံခိုက်၊ ကျွန်တော်တို့၏ အမှုဆောင်အရာရှိအသစ်ဖြစ်သူ၊ Mr. Rahul Colaco ကို ကြိုဆိုပါတယ်၊ ကျွန်တော်တို့ GRGI အနေနဲ့ တာဝန်ကျေပွန်တဲ့ နိုင်ငံ့သားကောင်းကုမ္ပဏီအဖြစ်၊ နိုင်ငံတော်ကို အခွန်အခ တွေ ပေးဆောင်ခဲ့တာ၊ အခုဆိုရင် အများဆုံးအခွန်ထမ်းဆောင်သူ စာရင်းမှာပါဝင်လို့၊ နိုင်ငံတော်သမ္မတကြီး ကနေ၊ ဂုဏ်ပြုတဲ့ ဆုတွေကို ချီးမြှင့်တာ (၅) နှစ်တာဆက်တိုက်ရှိပါပြီ။ ကျွန်တော်တို့ အနေနဲ့နိုင်ငံတော်နဲ့ အများ ပြည်သူအတွက်၊ အခွန်အခတွေကနေရတဲ့ ဘဏ္ဍာငွေဟာ အင်မတန်အရေးပါမှန်း သိရှိနားလည်ထားတဲ့ အတွက်၊ ကျွန်တော်တို့ ထမ်းဆောင်ရမယ့်၊ အခွန်အခတွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့၊ အထူး အလေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ (၂၀၁၈-၂၀၁၉) စည်းကြပ်ဘဏ္ဍာနှစ်မှာ၊ စုစုပေါင်း (၁၁၃.၉) ဘီလီယံကျပ်ငွေ၊ အခွန်ထမ်း ဆောင်ထားပါတယ်။” ဟုဆိုသည်။
အမှုဆောင်အရာရှိချုပ်ဖြစ်သူ၊ Mr. Rahul Colaco က “အခု ၂၀၂၁ ခုနှစ်မှာ၊ ထုတ်ကုန်တွေ ပိုမိုတိုး တက်ဖို့၊ သုတေသနတွေ၊ အရည်အသွေးထိန်းသိမ်းတာတွေ၊ လူမှုအသိုင်းအဝန်းတွေကို စောင့်ရှောက်တဲ့ အစီအစဥ်တွေအတွက် ရာထားပြီး ဖြစ်ပါတယ်။ ယခုထက်ထိ၊ ကျွန်တော်တို့ အသုံးပြုတဲ့ ကုန်ကြမ်းဆန်ကွဲ တန်ချိန်ပေါင်းများစွာကို ပြည်တွင်းက တောင်သူတွေဆီကနေ၊ ဝယ်ယူအားပေးတဲ့အတွက်၊ ပြည်တွင်းက တောင်သူတွေအတွက်၊ မြန်မာကျပ်ငွေ ဘီလီယံနဲ့ချီပြီး ဝင်ငွေတွေရအောင် ဆောင်ရွက်နေပါတယ်။” ဟုဆို သည်။
ကုမ္ပဏီ၏ ဆောင်ပုဒ်ဖြစ်သည့်” နိုင်ငံ့သားကောင်းကုမ္ပဏီဖြစ်တည်ရေး” နှင့်အညီ၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီ နဲ့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနများ၏ လမ်းညွှန်မှုများ ခံယူခဲ့ပြီး၊ ပထမလှိုင်းစတင်ကတည်းက၊ လူထုအ ထောက်အပံ့အဖြစ်၊ မြန်မာကျပ်ငွေသိန်း (၅,၀၀၀) တန်ဖိုးရှိသော၊ လက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) ကို နိုင်ငံတဝန်းမှာရှိ၊ ဆေးရုံများ၊ ကွာရန်တင်းစင်တာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ နှင့်ပရဟိတအဖွဲ့အစည်းများကို လှူဒါန်းခဲ့သည်။ ထို့အပြင်၊ အခြေခံလူမှုအသိုင်းအဝန်းများအတွက်၊ အဓိက လိုအပ်သော၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ ဆန် နှင့် ဆီ အခြေခံစားသောက်ကုန်များကိုလည်း၊ ထောက်ပံ့လှူ ဒါန်းထားသည်။ မကြာသေးမီကပင်၊ ကုမ္ပဏီအနေနှင့် ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ်မြောက်၊ ငွေရတုအ ထိမ်းအမှတ်အနေနှင့်၊ မြန်မာကျပ်ငွေသိန်း (၂,၀၀၀) တိတိကို၊ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီ သို့ UMFCCI အသင်းကြီးမှတဆင့် လှူဒါန်းထားပြီး၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် “STOP COVID-19 Yellow Campaign” လှုပ်ရှားမှုတွင်၊ New Normal နှင့်အညီ လုပ်ငန်းဆက်လက်လည်ပတ်ရေးအား ရှေးရှူ၍ ပူး ပေါင်းပါဝင်ခဲ့သည်။
ပြည်ပထိုင်းနိုင်ငံတွင်၊ ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ မြန်မာပြည်သူအများ၊ GRGI ၏ ဒါရိုက် တာနှင့်အဓိက၊ ရင်းနှီးမြှပ်နှံသူ၊ အစုရှယ်ယာဝင် အပြည်ပြည်ဆိုင်ရာကုမ္ပဏီ ဖြစ်သည့် Thai Beverage Public Company Limited မှ အမှုဆောင်အရာရှိချုပ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Polapatr Suvarnazorn က ဦးဆောင်ပြီး၊ COVID-19 တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ ဖြစ်သည့်၊ နှာခေါင်းစည်း အရေအတွက် စုစုပေါင်း (၂၀,၀၀၀) ခု၊ အရက်ပျံပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်သော၊ အရက်ပျံ (၁၀၀) လီတာနှင့် လက်သန့် ဆေးရည်ဂျဲလ်ဘူး (၂၀) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံး၌၊ သံအမတ်ကြီး ဦးမျိုးမြင့်သိန်းထံသို့၊ မကြာသေးမီက လှူဒါန်းခဲ့သည်။
၂၀၂၀ ပြည့်နှစ်ကုန်၊ ကိန်းဂဏန်းများအရ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းများရှိ၊ ကျေးရွာပေါင်း (၁၃၁) ရွာရှိ၊ အိမ်ခြေပေါင်း (၁၂,၃၇၉) အိမ်ခြေမှ အများ ပြည်သူပေါင်း (၇၃,၃၃၄) ဦးအတွက်၊ သောက်သုံးရေကြည်ရေသန့်များရရှိရန်၊ ရေတွင်းများ၊ ရေပိုက်လိုင်း များ၊ တိုင်ကီများ တည်ဆောက် တပ်ဆင်ပေးကာ၊ ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့သည်။
Job Net Myanmar Co., Ltd က ကြီးမှူးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် “မြန်မာနိုင်ငံတွင်အလုပ် လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar 2020, BCIM) ဆု” လုပ်ငန်းရှင်များ၏ထူးချွန်မှုအပေါ်ဂုဏ်ပြု အသိအမှတ်ပြုသည့် Myanmar Employer Awards 2020 အခမ်းအနား၌အလုံးစုံကဏ္ဍတွင်၊ အကောင်းတကာ့အကောင်းဆုံး ပြည်တွင်းအဖွဲ့အစည်းအဖြစ်ဆုအပြင်၊ အခြားသော ဆုအမျိုးအစား (၅) ဆုဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည်။
-ပြီး-
Grand Royal Group International (GRGI) is Myanmar’s leading alcohol beverage company with many iconic whisky brands. It celebrated its 25th anniversary in 2020. With its experience of over 25 years in the industry it is the undisputed leader of the alcohol industry in Myanmar and the region. Not only has it won local awards but GRGI’s brands and products have been listed as within the top whisky brands in the World.
U Aung Moe Kyaw, Co-chairman of GRGI said “I would like to take this opportunity to welcome Mr. Rahul Colaco on board. GRGI has consistently been one of the top taxpayers in Myanmar over the last 5 years. We have also won the Prestigious President’s Tax Awards for the last 5 years. We take our tax obligations very seriously and recognise the importance of tax contributions towards the government’s tax income. We have contributed 113.9 billion MMK in license fees, duties and taxes last year.”
“We have earmarked funds for product development, research, quality control and community involvements for 2021. The top priority has and will always be the investment in our customers, staff, partners, and the local communities. We have purchased hundreds of thousands of tonnes of broken rice yearly from the local Myanmar farmers, bringing in billions of MMK into the local farming economy.” stated Mr. Rahul Colaco, CEO of GRGI.
In accordance with the company’s motto of “Being a Good Corporate Citizen”, following the guidance of National Level Central Committee for Prevention, Control and Treatment of COVID-19 and Ministry of Health and Sport, since the beginning of the first wave, as a show of support towards the people of Myanmar, we donated 200,000 bottles of hand sanitizers worth of 500 million MMK, to hospitals, Quarantine canters, Monasteries, Nunneries and local NGOs supporting the pandemic relief efforts and Furthermore, we donated essential commodity such as masks, rice and cooking oils to under privileged communities during this difficult time. Moreover, the company donated 600 COVIFOR Remdesivir injections manufactured in India to treat 100 critically infected patients to the Department of Medical Research. Recently to commemorate its 25th anniversary ,the company donated 200 Million MMK to the National Level Central Committee for Prevention, Control and Treatment of COVID-19 for the purchase of vaccines via UMFCCI and in order to continue the business operations with New Normal, the company participated in “STOP COVID-19 Yellow Campaign” initiative led by the Ministry of Health and Sport and Yangon Regional Government.
Not only did the company focus in the community efforts here in Myanmar but its majority shareholder, Thai Beverage Public Company Limited, donated over 20,000 pieces of surgical masks , 100 litres of 72% alcohol and 20 bottles of alcohol gel to His Excellency U Myo Myint Than, the Myanmar Ambassador to Thailand at the Embassy of the Republic of the Union of Myanmar in Bangkok. GRGI’s Director Mr Polapatr Suvarnazon, Advisor to the CEO of Thai Bev donated them
According to the record by the end of 2020, the long running campaign on providing free eye treatment helped over 74,000 patients who could not afford sight-saving treatment. And we continue working hard to bring clean water to villages and poor districts through the provision of wells, supporting facilities and education and have brought accessing drinking water for over 12,379 Household and over 73,334 residents in 131 villages across Mon state, Yangon, Mandalay, Ayeyarwady, Bago and Magway regions.
The company is also very proud that its staffs have reciprocated and the company was awarded as one of the winners of “Best Companies to Work in Myanmar 2020, BCIM” powered by Job Net Myanmar Co.,Ltd as well as “Overall Best of the Best” under local organization category and another five categories under different areas of strength in Myanmar Employer Awards 2020 This is the third consecutive year of participation in MEA 2020 and GRGI competed for five categories of Myanmar Employer Awards 2020 and received awards in all five categories.
-END-
About Grand Royal Group International Co.,Ltd
Grand Royal Group International was founded in 1995 and with its relentless emphasis on quality driven by its founders. We have earned a reputation of quality among consumers and a leading position in the alcoholic beverage market with the Grand Royal Brand. Grand Royal Group International has taken market leadership positions in various segments in the market with its portfolio of International Award-Winning Brands.
Grand Royal Group International is committed to high standards of Corporate Governance that aims to balance the interests of all stakeholders. We are committed to being credible and responsible Corporate Citizen, sensitive to the needs of the environment and contributing to the development of the economy of Myanmar. It is the first and so far, the only distillery in Myanmar to have qualified for the ISO 14001:2004 Environment Management System Audit.
Grand Royal Group International has 1,500 employees who are offered opportunities of growth by exposing them to the latest in professional business practices and ERP systems. We are also striving to continually live up to expectations of consumers by offering them high quality products through our modern manufacturing units in Yangon and Mandalay that observe accredited Quality Management Systems. Grand Royal Group International won the Dream Employer of The Year 2017, the Best Employer of The Year 2017 and the Dream Employer of The Year 2019 award presented by the World Human Resources Development Congress. The Great Place To Work Institute which is an American based organization has certified the Grand Royal Group International as “A Great Workplace”. Grand Royal Group International is the first local Myanmar Company to be given this title.
grgidemo.koneloneshin.com
Grand Royal Group International Co.,Ltd ၏အကြောင်း
Grand Royal Group International ကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ကုမ္ပဏီသည် တည်ထောင်ခဲ့ သူ လူကြီးမင်းများ၏ အရည်အသွေးအပေါ် မဆုတ်မနစ်အလေးအနက်ထားမှုနှင့်အတူ စားသုံးသူများအကြား အရည်အသွေးကောင်းမွန်မှု ဂုဏ်သတင်းကိုရရှိခဲ့ပြီး Grand Royal အမှတ်တံဆိပ်ဖြင့် ယမကာဈေးကွက်တွင် ထိပ်တန်းနေရာတစ်နေရာကို ပိုင်ဆိုင်ထားသည်။ Grand Royal Group International သည် ၂၀၁၆ ခုနှစ်တွင် Monde World Quality Selections Awards ဆုပေးပွဲတွင် Double Gold Brand အတွက် Grand Gold ဆုကြီးရရှိမှု အပါအဝင် နိုင်ငံတကာဆုတံဆိပ်များရရှိသော အမှတ်တံဆိပ်ဖြင့် ဈေးကွက်ဦးဆောင်မှုကို ရရှိထား သည်။
Grand Royal Group International အနေဖြင့် ထိပ်တန်းကော်ပိုးရိတ်စီမံအုပ်ချုပ်မှုစနစ်ကို အထူးဂရုပြုလျှက် ရှိပြီး ၎င်း၏ရည်ရွယ်ချက်မှာလည်း မိမိတို့နှင့် သက်ဆိုင်သောသူများ၏ အကျိုးစီးပွားကို ဟန်ချက်ညီစေရန် လည်းဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် နိုင်ငံသားကောင်းပီသစေရန်လည်း အစဉ်အမြဲကြိုးစားလျှက်ရှိပြီး စီးပွားရေးလိုအပ်ချက်အရ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မှု (Environmental Management System 14001:2004) ကိုလည်း မြန်မာနိုင်ငံယမကာထုတ်လုပ်သည့် လုပ်ငန်းလောကတွင် ပထမဦးဆုံးအနေဖြင့် ရရှိ ထားပြီးဖြစ်သည်။
Grand Royal Group International အနေဖြင့် ဝန်ထမ်းပေါင်း ၁,၅၀၀ ခန့် အလုပ်အကိုင်များကို နောက်ဆုံးပေါ် စီးပွားရေးအတတ်ပညာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖန်တီးပေးထားလျှက်ရှိပြီး ERP စနစ် အသုံးပြုခြင်းဖြင့် စားသုံးသူတို့၏ မျှော်လင့်ချက်ဖြစ်သော အရည်အသွေးမြင့် ထုတ်ကုန်များကိုလည်း ခေတ်မှီနည်းစနစ်များ အသုံးပြုလျှက် ကျွန်တော်တို့၏ ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်ရုံများတွင် အစဉ်အမြဲထုတ်လုပ်လျှက်ရှိပါသည်။ ထို့အပြင် ကမ္ဘာ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ညီလာခံမှ ပေးအပ်ချီးမြှင့်သော Dream Employer of The Year 2017 ၊ Best Employer of the Year 2017 နှင့် Dream Employer of The Year 2019 စသည့် အကောင်းဆုံး လုပ်ငန်းရှင်/ပညာရှင်ထူးချွန်ဆုများကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော Great Place To Work Institute မှ ၂၀၁၉ – ၂၀၂၀ ခုနှစ်၏ အကောင်းဆုံးလုပ်ငန်းခွင် “A Great Workplace” ကို ပထမဆုံးမြန်မာကုမ္ပဏီအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပြီးလည်းဖြစ်ပါသည်။
grgidemo.koneloneshin.com
Grand Royal Group International (GRGI) သည်၊ မြန်မာနိုင်ငံတွင်၊ နာမည်ကျော် ဝီစကီ အမှတ်တံဆိပ်များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင်၊ ကုမ္ပဏီ တည် ထောင်ခြင်း (၂၅) နှစ်ပြည့်၊ ငွေရတုနှစ်ပတ်လည်ကို ဆင်နွှဲခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း (၂၅) နှစ်ကြာ၊ အ တွေ့အကြုံများကြောင့်၊ မြန်မာပြည်တွင်းယမကာထုတ်လုပ်ခြင်းကဏ္ဍတွင် ဦးဆောင်နိုင်ခြင်းကို အ များအသိအမှတ်ပြုထားခြင်းလည်းခံရသည်။ နိုင်ငံတွင်းမှာဆုတံဆိပ်များသာမက၊ အပြည်ပြည်ဆိုင် ရာက အသိအမှတ်ပြုသော၊ ထိတ်တန်း ဝီစကီအမှတ်တံဆိပ်များတွင်၊ အကောင်းဆုံး ဝီစကီ (၂၀) အတွင်းတွင်ပါဝင်ခဲ့သည်။
Grand Royal Group International (GRGI) ကုမ္ပဏီအနေနှင့် ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ်မြောက်၊ ငွေရတုအထိမ်းအမှတ်၊ အနေနှင့်၊ မြန်မာကျပ်ငွေ သိန်း (၂,၀၀၀) တိတိကို၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ သို့ UMFCCI အသင်းကြီးမှတဆင့်လှူဒါန်းထားပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် “STOP COVID-19 Yellow Campaign” လှုပ်ရှား မှုတွင် ဂုဏ်ယူ ဝမ်းမြောက်စွာပူးပေါင်းပါဝင်လိုက်သည်။ “ကျွန်တော်တို့ ကိုဗစ်ကာကွယ်ဆေး လှူ ဒါန်းတဲ့ ရန်ပုံငွေတွေဟာ ဝန်ထမ်းတစ်ဦးတစ်ချင်းစီက ၊ အားတက်သရောလှူဒါန်းထားတဲ့ အလှူဒါန ဖြစ်ပြီး၊ စုစုပေါင်းပမာဏပေါ်မှာမှ ကုမ္ပဏီဖက်က ထပ်မံအားဖြည့်လှူဒါန်းထားတဲ့ အလှူပမာဏဖြစ် ပါတယ်။ ဒီစုပေါင်းအလှူဒါနအတွက်၊ ကျွန်တော်တို့ဝန်ထမ်းတွေရော၊ အုပ်ချုပ်မှုပိုင်းအတွက်ပါ အ ထူးဝမ်းမြောက်ဂုဏ်ယူရပါတယ်။” ဟုကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ GRGI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Rahul Colaco ကပြောကြားသည်။
GRGI ၏ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က၊ “အခုလို၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ၊တစ်ဦး ကိုတစ်ဦး သတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခွင့်ရတဲ့အတွက်ရော၊ ကျွန်တော်တို့ကုမ္ပဏီ (၂၅) မြောက်၊ ငွေရတု အထိမ်းအမှတ်အဖြစ် ၊ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့အလှူဒါနကို တင်ပြခွင့် ရတဲ့အတွက်၊ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန် တိုင်းကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဦးထွန်းမြင့်နဲ့ တာဝန်ရှိ သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ STOP COVID-19 Yellow Campaign၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ တစ်ဦးကိုတစ်ဦးသတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုဟာ၊ ကျွန်တော်တို့လို နိုင်ငံ တော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်းက စီးပွားရေးတွေ အနေနဲ့၊ တထောင့်တနေရာကနေပြီး၊ New Normalနဲ့ အတူတူ ကုန်ထုတ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အင်မတန်အထောက် အကူ ဖြစ်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးကြောင့်၊ အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးသူ အပေါင်း (၃,၀၀၀) ခန့် နဲ့ ရောဂါကူးဆက်ခံရသူဦးရေ (၁၃၅,၀၀၀) ခန့်ရှိနေလို့၊ မဖေါ်ပြနိုင်လောက် အောင်စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကမ္ဘာနဲ့ယှဥ်ကြည့်ရင်တော့၊ ကမ္ဘာနဲ့အဝန်း အသက်ဆုံးရှုံးသူ ပေါင်း (၂) သန်းကျော်နဲ့ ၊ ရောဂါကူးစက်ခံရသူဦးရေ သန်း (၉၀) ကျော်ရှိလို့၊ ကျွန်တော်တို့ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အချိန်မီကြိုးပမ်းကာကွယ်၊ ထိန်းချုပ်ထားကြတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်။သို့ပါသော်လည်း၊ ကျွန်တော်တို့ ပြည်တွင်းမှာ စီးပွားရေးအခက်အခဲများစွာနဲ့ ရင် ဆိုင်ကြုံတွေ့နေကြရပြီး၊ လူသန်းပေါင်းများစွာကို အကျိုးသက်ရောက်နေပါတယ်။ ဒါကြောင့် စာနာ ထောက်ထားသောအားဖြင့်၊ ကျွန်တော်တို့တတ်အားသ၍ လှူဒါန်းတာတွေဟာလည်း၊ ဒီ ရောဂါပိုးကို တိုက်ဖျက်နိုင်ဖို့အတွက် အများပြည်သူကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟုဆိုသည်။
တဖန်၊“GRGI ဟာ၊ လူမှုအသိုင်းအဝန်းရဲ့ အကျိုးကျေးဇူးကို အမြဲရှေ့တန်းတင်ထား ပါ တယ်။ ဒီကာလမှာ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း၊ အရှိန်အဟုန်မြှင့်တင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ထားပါတယ်။ တိုင်းပြည်တွင်းမှာ ၊ စီးပွားရေးနဲ့လူမှုရေး ကောင်းကျိုးတွေ အ တွက်၊နှစ်ပေါင်းများစွာ တည်ဆောက်ထားပြီးသားတွေဟာလည်း အင်မတန် များပြားပြီးဖြစ်ပေမယ့်၊ လက်တွဲပူးပေါင်းမှုတွေ၊ ပံ့ပိုးမှုတွေကို ယခင်ကထက်ပိုမိုဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထား ပါတယ်။” ဟု အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Colaco ကိုထပ်လောင်း ပြောကြားသည်။
GRGI အနေနဲ့ တနှစ်ပတ်လုံးမှာ အလှူဒါနများ ဆောင်ရွက်နိုင်ပြီး၊ အများပြည်သူနဲ့ တသား တည်းရှိနေသည့် အတွက်ဂုဏ်ယူလျက်ရှိသည်။ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်ခံရသော လူမှု အသိုင်းအဝန်းများကို ရည်ရွယ်၍ လှူဒါန်းမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ အတွက်၊ ရှေ့ဆောင်လမ်းပြဖြစ်မည်ဟုမျှော်လင့်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခြင်းသည်လည်း၊ ဆက်စပ်လျက်ရှိသော၊ စီးပွားဖက်များ၊ စားသုံးသူများ၊ စီးပွားရေး ကဏ္ဍအတွင်းမှ လူမှုအသိုင်းအဝန်းများ၏ အားဖြည့်မှုများကြောင့်ဟု ယုံကြည်သည်။ စီးပွားရေး နှင့် လူမှုရေး ဂေဟစနစ်သည်၊ တစ်ခုစီသီးခြားရပ်တည်၍ မရနိုင်ပေ၊ စီးပွားရေး ကုမ္ပဏီများ၏ ဆောင် ရွက်ချက်များသည်၊ အမျိုးမျိုးသောလူမှုအသိုင်းအဝန်းများကို အကျိုးသက် ရောက်မှုများရှိ သည်ဟု ကုမ္ပဏီ ကယုံကြည်သည်။ သို့ပါ၍၊ GRGI ၏ လူမှုအသိုင်းအဝန်းများ၊ စားသုံးသူများ နှင့် ပါဝင် ပတ်သက်နေသူများ အားလုံးနှင့် ဆောင်ရွက်သော၊ အကျိုးပြုလုပ်ငန်းများ အားလုံးသည်၊ “နိုင်ငံ့သား ကောင်းစီးပွားရေးလုပ်ငန်း” အဖြစ်ရပ်တည်ရေးကို အစဥ်းအမြဲဦးတည်လျက်ရှိသည်။
ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ ၏ လမ်းညွှန်မှုနှင့် ကိုဗစ်-၁၉ ရောဂါဝေဒနာ၊ အပြင်းအထန်ခံစားရသူ လူနာအယောက် (၁၀၀) အား ကုသရန် ၊ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော COVIFOR ရမ်ဒီစီဗာ ထိုးဆေးအလုံးရည်ပေါင်း (၆၀၀) ကိုလည်း ၊ ဆေးသုတေသနဦးစီးဌာနသို့သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင်၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ၏လမ်းညွှန်မှုအားခံယူလျက်၊ ပထမ လှိုင်း စတင်ကတည်းကပင်၊ လူထုအထောက်အပံ့အဖြစ်၊ မြန်မာကျပ်ငွေသိန်း (၅) ထောင်တန်ဖိုးရှိ သော၊ နိုင်ငံ့သားကောင်းလက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) ကို နိုင်ငံတဝန်းရှိ၊ ဆေးရုံများ၊ ကွာရန်တင်းစင်တာများ၊ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများ၊ ပရဟိတအဖွဲ့ အစည်းများ ကို လှူဒါန်းခဲ့သည်။
ယင်းလှူဒါန်းမှုအစုစုသည်၊ တတ်အားသ၍ လှူဒါန်းခြင်းဖြစ်သဖြင့်၊ ပမာဏအားဖြင့် များပြား သည်ဟု မဆိုနိုင်သော်လည်း၊ မိမိတို့ အများပြည်သူလိုအပ်နေသော အချိန်တွင်၊ ပံ့ပိုးရန်အတွက် အသင့်ရှိ ကြောင်းကတိကဝတ်ကို သက်သေထူလိုက်ခြင်းဖြစ်သည်။ GRGI နှင့် ၎င်း၏ဝန်ထမ်းများ အားလုံးသည်၊ ယခုကဲ့သို့ အထူးလိုအပ်သောအချိန်များတွင်၊ တစ်ဦးကိုယ်တစ်ဦး အမြဲကူညီရန် ယုံ ကြည်လျက် မြန်မာ့လူမှုအသိုင်းအဝန်း၏ တစိတ်တဒေသအဖြစ် ဂုဏ်ယူလျက်ရှိသည်။
ကုမ္ပဏီအနေနှင့်ပြည်တွင်း၌ ရှိသော လူမှုအသိုင်းအဝန်းတွင်မကပဲ, ပြည်ပထိုင်းနိုင်ငံတွင်၊ ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ မြန်မာပြည်သူအများ၊ COVID-19 ကာကွယ်နိုင်ရေးတွင်၊ အသုံးပြုရန်ရည်ရွယ်၍၊ GRGI ၏ ဒါရိုက်တာနှင့် အဓိက၊ ရင်းနှီးမြှပ်နှံ့သူ၊ အစုရှယ်ဝင် အပြည် ပြည် ဆိုင်ရာကုမ္ပဏ ဖြစ်သည့် Thai Beverage Public Company Limited မှ အမှုဆောင်အရာရှိချုပ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Polapatr Suvarnazorn ကဦးဆောင်ပြီး၊ COVID-19 တစ်ကိုယ်ရေ သုံးအကာအကွယ်ပစ္စည်းများဖြစ်သည့်၊ နှာခေါင်းစည်းအရေအတွက်စုစုပေါင်း (၂၀,၀၀၀) ခု၊ အ ရက်ပျံ ပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်သော၊ အရက်ပျံ (၁၀၀) လီတာ နှင့် လက်သန့်ဆေးရည်ဂျဲလ်ဘူး (၂၀) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံး၌၊ အသံအမတ်ကြီး ဦးမျိုးမြင့်သိန်း ထံသို့၊ ယခုလ (၁၅) ရက်နေ့ကပေးပို့လှူဒါန်းခဲ့သည်။
ယင်းသည်၊ မြန်မာလူထုကို ခက်ခဲသော အချိန်များတွင်၊ လက်တွဲဖော်အဖြစ် အတူရှိနေမည် ဖြစ်ကြောင်း ကတိကဝတ်ကို သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။
ပူးတွဲပါ။
၁။GRGI ကုမ္ပဏီ အစုအဖွဲ့အကြောင်း
၂။ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်၏ ဓါတ်ပုံ
၃။ အမှုဆောင်အရာရှိချုပ်၊ Rahul Colaco ၏ ဓါတ်ပုံ
၄။ကုမ္ပဏီမကြာသေးခင်က လှူဒါန်းမှုများ
၅။ ThaiBev ၏ လှူဒါန်းခြင်း
၆။ ကုမ္ပဏီအနေနှင့် ရရှိထားသော ဆုများ
Grand Royal Group International (GRGI) is Myanmar’s leading alcohol beverage company with many iconic whisky brands. It celebrated its 25th anniversary in 2020. With its experience of over 25 years in the industry it is the undisputed leader of the alcohol industry in Myanmar and the region. Not only has it won local awards but GRGI’s brands and products have been listed as within the top 20 whisky brands in the World.
Grand Royal Group International (GRGI) is proud to donate 200 Million MMK to the National Level Central Committee for Prevention, Control and Treatment of COVID-19 and the Ministry of Health and Sport to commemorate its 25th anniversary and participated in “STOP COVID-19 Yellow Campaign” initiative led by the Ministry of Health and Sport and Yangon Regional Government. “The money was raised with the contribution of our staff donations and a top-up from GRGI. We are very proud of this ground-up initiative from our staff and management” said Mr. Rahul Colaco, CEO of GRGI.
U Aung Moe Kyaw, Co-chairman of GRGI said “I would like to thank the Chief Minister of Yangon, H.E. U Phyo Min Thein and Head of Yangon Regional Health Department, Dr. U Tun Myint for gracing this occasion and opportunity to participate in this initiative announce the donation in the battle against COVID-19. This initiative helps us continue our business operations with new normal measures as a local manufacturing industry leader. This pandemic has caused untold misery and hardship around in Myanmar with nearly 3,000 deaths and 135,000 infected. Comparing to the World with over 2 million deaths and over 90 million people infected, we could say that Myanmar Public Health sector has done a great job. However, the economic chaos is even more profound and has affected millions in Myanmar. We at GRGI feel for our people and hope that this donation will help in the fight against this virus.”
“GRGI has always put our commitment towards the community as a priority and our Corporate Social Responsibility (CSR) efforts have been increased during this period. The economic and social fabric that we have built up over the years has been tremendous and we have no intention of just maintaining the status quo, in fact we intend to increase our partnerships and contributions whenever we can,” said Mr. Colaco.
GRGI is proud of its achievements throughout the year and being part of the community in Myanmar. The organization has continuously donated towards the people of Myanmar hoping that its efforts in outreaching the affected communities will be an example for other members in our Industry to follow. The organisation believes that it is inter-linked with its partners, the customers and the community in business and life and without them it would not be here. The economic and community eco-system is not an isolated one and whatever the company does has an impact on the various segments of the society.
Therefore, GRGI’s social compact with the communities and customers and all the stake holders is this mantra of “Being a Good Corporate Citizen”.
Early January this year, the company donated over 600 COVIFOR Remdesivir injections to help treat over 100 critically infected patients with the guidance of National Level Central Committee for Prevention, Control and Treatment of COVID-19 and the Ministry of Health and Sport. In addition to this, and following the same committee’s guidance, we donated over 200,000 bottles of hand sanitisers worth over 500 million MMK to hospitals, quarantine Centres, Monasteries, Nunneries and local NGOs in support of the pandemic relief efforts.
It is not so much the monetary contributions towards the community but rather the commitment towards helping the fellow countrymen in times of crises. GRGI and all of its staff are proud to be part of the Myanmar community with the belief of helping and each other all the time, especially in times of need like now.
Not only did the company focus in the community efforts here in Myanmar but its majority shareholder, Thai Beverage Public Company Limited, donated over 20,000 pieces of surgical masks , 100 litres of 72% alcohol and 20 bottles of alcohol gel to His Excellency U Myo Myint Than, the Myanmar Ambassador to Thailand at the Embassy of the Republic of the Union of Myanmar in Bangkok. GRGI’s Director Mr Polapat Suvarnazon, Advisor to the CEO of Thai Bev donated them on 15th January 2021.
This is the commitment towards the people of Myanmar, GRGI will always be the partner of people in difficult times.
ANNEX: