Mid-Season Championship Hantharwaddy United F.C.

Grand Royal Group International’s own football club, Hantharwady United F.C. played against Yangon United F.C. in MPT Myanmar National League 2020, week 11 match held at Thuwanna Stadium on 26 Aug 2020. In that match, Hantharwaddy United F.C. defeated the opposing team (3-1) and ranked as place No 1 with 24 points in total. GRGI is proud to congratulate Hantharwaddy United F.C. to be a mid-season champion for the very first time in the history of the club.

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့သည့် MPT Myanmar National League ပြိုင်ပွဲ၊ ပွဲစဉ် (၁၁) တွင် GRGI ၏ ကိုယ်ပိုင်ဘောလုံးအသင်းဖြစ်သော ဟံသာဝတီယူနိုက်တက်အသင်း သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ ကြပါသည်။ ထိုပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက် အသင်း က ပြိုင်ဖက်အသင်း အား (၃) ဂိုး၊ (၁) ဂိုးဖြင့် အနိုင်ရယူနိုင်ခဲ့ပြီး၊ MNL ပွဲစဉ် (၁၁) အပြီးတွင် ရမှတ်ပေါင်း (၂၄) ဖြင့် အဆင့်နံပါတ် (၁) နေရာတွင် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဟံသာဝတီအသင်း၏ သမိုင်းသက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ရာသီဝက် ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းအပေါ် Grand Royal Group International Co.,Ltd က အထူးဂုဏ်ယူမိပါကြောင်း ဖော်ပြအပ်ပါသည်။

Tax Appreciation for 2018-2019 Assessment Year

The Government of the Republic of the Union of Myanmar honoured the top taxpayers of the country for 2018-2019 tax year on 10 Aug 2020. The president, His Excellency U Win Myint attended the ceremony held at the Presidential Palace in Naypyidaw and presented awards to the outstanding taxpayers for income tax, commercial tax, and specific goods tax.
U Aung Moe Kyaw (Co-Chairman of Grand Royal Group International Co.,Ltd) and Daw Mya Pwint Phyu (Alternate Director of Grand Royal Group International Co., Ltd) accepted honorable certificates at the ceremony.
Grand Royal Group International Co., Ltd was honored by the president as follow;
1. No 3 in Specific Goods Taxpayer
2. No 6 in Commercial Taxpayer
As International Beverages Trading Co., Ltd (IBTC), the member of GRGI;
3. No 3 in Commercial Taxpayer
4. No 5 in Income Taxpayer.
Grand Royal Group International Co.,Ltd is very proud to be recognized every Assessment Year as No 1 to 5 the highest top taxpayer in Myanmar and as a responsible group of companies in line with our corporate motto ‘Being A Good Corporate Citizen’.

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ်အတွက် နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေကျပ် (၁၁၁.၄) ဘီလီယံ ပေးဆောင်ခဲ့သော Grand Royal Group International ကုမ္ပဏီစုအား နိုင်ငံတော်သမ္မတကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဂုဏ်ပြုချီးမြှင့် (သြဂုတ်လ၊ ၁၀ ရက် ၂၀၂၀ ခုနှစ်)

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ်အတွက် နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေကျပ် (၁၁၁.၄) ဘီလီယံ ပေးဆောင်ခဲ့သော Grand Royal Group International ကုမ္ပဏီစုအား နိုင်ငံတော်သမ္မတကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဂုဏ်ပြုချီးမြှင့် (သြဂုတ်လ၊ ၁၀ ရက် ၂၀၂၀ ခုနှစ်)

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း၊ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ၊ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဦးအောင်မိုးကျော် (Co-Chairman of Grand Royal Group International Co.,Ltd) နှင့်အတူ ‌ဒေါ်မြပွင့်ဖြူ ( Alternate Director of Grand Royal Group International Co., Ltd) တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို တက်ရောက်လက်ခံရယူခဲ့ကြပါသည်။

အဆင့်အလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ရာတွင် မိမိတို့၏ Grand Royal Group International Co.,Ltd (ပုဂ္ဂလိက-နိုင်ငံခြားကုမ္ပဏီ) သည်

၁) အထူးကုန်စည်ခွန်တွင် အဆင့်နံပါတ် (၃)၊

၂) ကုန်သွယ်လုပ်ငန်းခွန်တွင် အဆင့်နံပါတ် (၅) နှင့်

GRGI ၏ ကုမ္ပဏီစုဝင်ဖြစ်သော International Beverages Trading Co., Ltd (ပုဂ္ဂလိက-မြန်မာကုမ္ပဏီ) သည်

၃) ဝင်ငွေခွန်တွင် အဆင့်နံပါတ် (၄)၊

၄) ကုန်သွယ်လုပ်ငန်းခွန်တွင် အဆင့်နံပါတ် (၆) စသဖြင့် အသီးသီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။

နှစ်စဥ်နှစ်တိုင်း အဆင့်နံပါတ် (၁) မှ (၅) အတွင်း ဂုဏ်ပြုချီးမြှင့်ခံရမှုအပေါ် မိမိတို့၏ Grand Royal Group International Co.,Ltd က အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။ မိမိတို့၏ဆောင်ပုဒ်ဖြစ်သည့် တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်းဖြစ်ရေး (Being A Good Corporate Citizen) ဆိုသည့်အတိုင်း အောင်မြင်စေရန် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Tax Appreciation 2020

Grand Royal Group International ကုမ္ပဏီလီမိတက်သည် တရားမျှတသော ယှဥ်ပြိုင်မှုမှတဆင့် နိုင်ငံခြားအရက်များတင်သွင်းခြင်းမူဝါဒ အားကြိုဆို

Grand Royal Group International ကုမ္ပဏီလီမိတက်သည် (GRGI) သည်၊ လူကြိုက်များ၍ ထင်ရှားသော ဝီစကီအမှတ်တံဆိပ်အများအပြားနှင့် မြန်မာနိုင်ငံယမကာဈေးကွက်ကို ဦးဆောင်လျက်ရှိ သော ကုမ္ပဏီအစုအဖွဲ့ကြီးဖြစ်သည်။ ဈေးကွက်အတွင်းတွင် အောင်မြင်စွာရပ်တည်လာသည်မှာ နှစ်ပေါင်း (၂၅) နှစ်တိုင်ပြီဖြစ်သည်။ ၂၀၂၀ခုနှစ်၊ မေလ (၂၅) ရက်တွင်၊ နိုင်ငံတော်အစိုးက ထုတ်ပြန်သော၊ နိုင်ငံခြားမှအရက်များတင်သွင်းခွင့်အား ဖြေလျော့သည့်မူဝါဒကို၊ ကုမ္ပဏီအစုအဖွဲ့အနေနှင့် အပြည့်အဝ‌ ထောက်ခံပါကြောင်း ကြေညာလိုက်သည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံဈေးကွက်အတွင်း၊ နိုင်ငံခြားအရက်များတင်သွင်းခြင်းအား ဖြေလျှော့သည့် မူဝါဒ နှင့်ပတ်သက်၍၊ GRGI ၏ တွဲဖက်ဥက္ကဌဖြစ်သူ ဦးအောင်မိုးကျော်က၊ “ဒီဖြေလျှော့မှုနဲ့ ပတ်သက်ပြီး၊ အကျိုးသက်ရောက်မှုရှိနေတဲ့ ကုမ္ပဏီအစုအဖွဲ့ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့အနေနဲ့၊ တိုင်းပြည်အတွက် ရော၊ နိုင်ငံသူနိုင်ငံသား မိဘပြည်သူတွေအတွက်ရော အကျိုးရှိစေပြီး၊ ယှဥ်ပြိုင်မှုကတဆင့် ရွေးချယ် စရာတွေ၊ တီထွင်စမ်းသစ်နိုင်တာတွေကို ဖေါ်ဆောင်ပေးမယ့် မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အထူးကြိုဆိုပါတယ်။ စားသုံးသူအတွက် ကျန်းမာရေးကဏ္ဍရော၊ တိုင်းပြည်အတွက် မျှတပြီး ရသင့်ရထိုက်တဲ့ အခွန်အကောက်တွေ ကောက်ခံနိုင်ဖို့ရော ရည်ရွယ်ပြီး၊ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာပြီး၊ ဈေးကွက်အတွင်းမှာ တရားမျှတတဲ့ ကုန်သွယ်မှု မူဝါဒတွေရှိမှသာ၊ စားသုံးသူတွေအတွက် ရွေးချယ်စရာတွေ၊ တီထွင်စမ်းသစ်တာတွေကို ဖေါ်ဆောင် ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ထုတ်ကုန်တွေအတွက် နည်းဥပဒေတွေ၊ အခွန်နှုန်း ထားတွေ၊ တံဆိပ်ရိုက်နှိပ်တာတွေ၊ ကုန်ထုတ်လုပ်ပုံ အဆင့်ဆင့်ခြေရာခံနိုင်တာတွေ အားလုံးဟာ၊ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး၊ အာဆီယံနိုင်ငံများမှာ စနစ်တကျကျင့်သုံးနေတဲ့ စည်းကမ်းချက်တွေ၊ မူဘောင်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စံချိန်စံနှုန်းတွေအတိုင်း၊ တသတ်မတ်တည်းဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ GRGI ကုမ္ပဏီအစုအဖွဲ့အနေနဲ့ စျေးကွက် ယှဥ်ပြိုင်မှုကို ကြိုဆိုပြီး၊ စားသုံးသူတွေနဲ့ လက်လီလက်ကားရောင်းချသူတွေအတွက်၊ ထုတ်ကုန်အသစ်တွေ တီထွင်စမ်းသစ်နိုင်ဖို့၊ ဒီထက်မက ကြိုးပမ်းသွားမှာြဖစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားမျှတတဲ့စျေးကွက် စီးပွားရေးစနစ်ရှိနေဖို့ပဲ မျှော်လင့်ပါတယ်။” ဟုဆို သည်။

“GRGI ဟာ နှစ်စဥ်နှစ်တိုင်း၊ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ အများဆုံးပေးဆောင်တဲ့ နိုင်ငံ့သား ကောင်း အခွန်ထမ်း ကုမ္ပဏီတွေထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ နိုင်ငံတော် သမ္မတကြီးက ထိုက်ထိုက်တန်တန်ချီးမြှင့်တဲ့ အခွန်ထမ်းဆုတွေကို ရရှိလာခဲ့တာ (၅) နှစ်ဆက်တိုက်ရှိပါပြီ။ နိုင်ငံတော် အစိုးရအတွက် အင်မတန်မှ အရေးကြီးတဲ့ အခွန်ဘဏ္ဍာဖြစ်တဲ့ အခွန်အကောက်တွေကို တိကျသေချာစွာ လိုက်နာပြီး ပေးဆောင်နိုင်ဖို့၊ ကျွန်တော်တို့ အင်မတန်အလေးအနက်ထားပါတယ်။ တာဝန်သိ၊ နိုင်ငံ့သားကောင်း ကုမ္ပဏီအစုအဖွဲ့ဖြစ်တဲ့အတွက်၊ ယမကာထုတ်ကုန်တွေအတွက် ရိုးရှင်းပြီး၊ ထိရောက် တဲ့၊ အားလုံးတပြေးညီတည်းပါဝင်နိုင်ပြီး တရားမျှတတဲ့ အခွန်စည်းကြပ်နည်းတွေကို အားပေး ထောက်ခံပါတယ်။” ဟု ဦးအောင်မိုးကျော် က ဆက်လက်ပြောကြားသည်။

Grand Royal Group International ကုမ္ပဏီလီမိတက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ၊ Mr. Sanjay Gupta က “ကျွန်တော်တို့ ကုမ္ပဏီအစုအဖွဲ့ဟာ၊ နှစ်ပေါင်း (၂၅) နှစ်တိုင် ဈေးကွက်အတွင်းမှာ၊ အတွင်း အပြင်၊ စိန်ခေါ်မူပေါင်းများစွာနဲ့ ကြံ့ကြံ့ခံရပ်တည်လာခဲ့ပါတယ်။ ဈေးကွက်ထဲမှာ ဒီလိုအတွေ့အကြုံတွေ ရှိလို့ ပိုမိုခိုင်မာပြီး၊ ဖွံ့ဖြိုးတိုးတက် လာခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ စားသုံးသူတွေကို အမြဲ ဦးစားပေးနိုင်ဖို့အတွက်၊ အကောင်းဆုံးဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည် မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ‌‌‌ဂေဟစနစ်တစ်ခုလုံးဟာ၊ တသီးတခြား တည်ရှိနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဆောင်ရွက်သမျှဟာ၊ တစ်နည်းမဟုတ် တစ်နည်း အလွှာအမျိုးမျိုးကို ထိရောက်မှုတွေရှိနေပါတယ်။ ကဏ္ဍအားလုံး စပ်ဆက်နေတာကြောင့်၊ ကျွန်တော်တို့ GRGI အနေနဲ့ လူမူအသိုင်းအဝန်းတစ်ခုလုံးကို ကောင်းကျိုးပြုတာတွေပဲ ဆောင်ရွက်နေပါ တယ်။” ဟုဆိုသည်။

၎င်းက ဆက်လက်၍ ”ယှဥ်ပြိုင်မှုတွေ ရှိလာတာဟာ ကျွန်တော်တို့ ကုန်အမှတ်တံဆိပ်တွေ ဒီထက်ပိုပြီး ကောင်းမွန်တိုးတက်ဖို့အတွက်၊ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ထုတ် ကုန်တွေကို အရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့၊ စမ်းစစ်လေ့လာဖို့၊ ကောင်းမွန်တဲ့ အရည်အသွေး
တွေကို ထိန်းသိမ်းထားနိုင်ဖို့ ဆက်တိုက်ရင်းနှီးမြှပ်နှံသွားဖို့ ရည်ရွယ်ပါတယ်။ တချိန်တည်းမှာပဲ၊ ကျွန် တော်တို့ရဲ့ ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်လက်တွဲဖေါ်တွေ၊ စားသုံးသူတွေနဲ့ ပြည်တွင်းက လူနေမှု ပတ်ဝန်းကျင်တစ်ခုလုံးကို တသတ်မတ်တည်း အလေးထား ထောက်ပံ့သွားဖို့လည်း ရည်ရွယ်ပါတယ်။
ဒီလိုမျိုး ရင်းနှီးမြှပ်နှံသွားဖို့ဆိုတာ၊ အင်မတန်မှအရေးပါပြီး၊ ရေရှည်ဆောင်ရွက်သွားရမယ့်၊ ကဏ္ဍတွေ ဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်ကစလို့၊ စားသုံးသူတွေအတွက်ပဲ၊ ဦးစားပေးဆောင်ရွက်ပြီး၊ စားသုံး သူတွေအတွက် အမြင့်မားဆုံး အရည်အသွေးတွေရှိတာတွေကိုသာ ထုတ်နိုင်ဖို့ တင်းကြပ်တဲ့ စံချိန်စံနှုန်း တွေကို အမြဲထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Grand Royal Black၊ Grand Royal Special Reserve၊ Signature နဲ့ Smooth တွေဟာ ဒီကဏ္ဍအတွင်းမှာ အပြည်ပြည်ဆိုင်ရာက ချီးမြှင့်ပေးအပ်တဲ့၊ ဆုတံဆိပ်ပေါင်း (၇၀) ကျော်ကို ဆွတ်ခူးရရှိထားပါတယ်။” ဟု ဆိုသည်။
“နှစ်စဥ်နှစ်တိုင်းမှာ၊ ကျွန်တော်တို့ ကုမ္ပဏီအစုအဖွဲ့က၊ လိုင်စင်ကြေးတွေ၊ အခွန်တွေ၊ အကောက်တွေ အားလုံး၊ မြန်မာကျပ်ငွေ၊ စုစုပေါင်း (၁၄၀) ဘီလီယံကို ပေးဆောင်နေပါတယ်။ ပြည်တွင်းကရတဲ့ ကုန် ကြမ်းတွေကို အသုံးပြုထုတ်လုပ်ထားတဲ့အတွက်၊ ပြည်တွင်းဖြစ် အစစ်အမှန်ဆိုတဲ့ အနှစ်သာရကို ဖေါ် ဆောင်ပေးနေပါတယ်။ ဥပမာအားဖြင့်၊ နှစ်တိုင်း၊ မြန်မာနိုင်ငံတွင်းက တောင်သူဦးကြီးတွေဆီကနေ ၊ ဆန်ကွဲတန်ချိန်ပေါင်း ရာထောင်ချီ၊ ဝယ်ယူနေတဲ့အတွက်၊ ပြည်တွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍကို မြန်မာကျပ်ငွေ ဘီလီယံချီပြီး အထောက်အကူပြုနေပါတယ်။ ယမကာထုတ်ကုန်တွေအတွက် အခွန် စည်းကြပ်မှုနဲ့အတူ၊ ထုတ်ပြန်လိုက်တဲ့ ဒီမူဝါဒအသစ်ဟာ၊ တရားမျှတမှုရှိပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တရားမျှတမှ၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ ရရှိနိုင် ပြီး၊ နိုင်ငံတွင်းက ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှက်၍ သော်လည်းကောင်း အကျိုးဆက်စပ်နေတဲ့ လူမှုအသိုင်းအဝန်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟုလည်း Mr. Sanjay Gupta ကဆိုသည်။

Grand Royal Group International သည်၊ မြန်မာပြည်တွင်းတွင်သာမက၊ အာဆီယံ နယ်ပယ်အတွင်း ၌၊ အားလုံးအတွက် တရားမျှတ၍ အကျိုးအမြတ်ရှိသော ကူးသန်းရောင်းဝယ်ရေးဈေးကွက်ရှိစေရေး အတွက် စီးပွားဖက်လက်တွဲဖေါ်များ၊ နိုင်ငံ‌တော်အစိုးရဌာနများ၊ နိုင်ငံတကာမှ တတ်သိပညာရှင်များနှင့် အတူလက်တွဲ၍ တက်ညီလက်ညီ ဆောင်ရွက်လျက်ရှိသည်။ ကုမ္ပဏီအစုအဖွဲ့အနေနှင့် စားသုံးသူများ၊ ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသား မိဘပြည်သူများအတွက် အလေးထားကာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု များအပြည့်ဖြင့် သိက္ခာရှိစွာရပ်တည်လျက်ရှိသဖြင့် အထူးဂုဏ်ယူလျက်ရှိသည်။

Grand Royal Group International ကုမ္ပဏီအစုအဖွဲ့ကို ၁၉၉၅ ခုနှစ်မှ စတင်၍ ဝန်ထမ်းအင်အား (၅၀) ဦးခန့်ဖြင့်တည်ထောင်ခဲ့ပြီး၊ စားသုံးသူများအား ထူးခြားကောင်းမွန်သော ကုန်ပစ္စည်းများနှင့် ဝန် ဆောင်မှုများ ပေးနိုင်သဖြင့် လျင်မြန်စွာ ဂုဏ်သတင်းမွှေး၍ သိက္ခာရှိရှိ ရပ်တည်လာနိုင်ခဲ့ပါသည်။ (၂၅) နှစ်တိုင်တိုင်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိသည့် လုပ်ငန်းဖြစ်ကြောင်းအား သက်သေထူနိုင်ရန် နှင့် မြန်မာနိုင်ငံအတွင်းတွင် လေးစားထိုက်သောကုမ္ပဏီများ အနက်မှတစ်ခုဖြစ်စေရန်၊ အရည်အသွေး မြင့်မားသော ကုန်အမှတ်တံဆိပ်များကို တီထွင်စမ်းသစ်၍၊ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ကုမ္ပဏီအစုအဖွဲ့ သည် ယခုအခါတွင် ဈေးကွက်တွင် ဦးဆောင်လျက်ရှိပြီး၊ တိုက်ရိုက်ခန့်အပ်ထားသော ဝန်ထမ်းပေါင်း၊ (၂,၅၀၀) ကျော်ဖြင့်လုပ်ငန်းလည်ပတ်နေလျက်၊ နိုင်ငံတော်၏စီးပွားရေးကို အဓိကပံ့ပိုးနေသည့် လုပ်ငန်း များ အနက်တစ်ခုဖြစ်သည်။

ကုမ္ပဏီအစုအဖွဲ့ အနေနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်နေပြီး၊ အဓိက လိုအပ်သော နေရာများတွင် ရေရှည်အတွက် ရင်းနှီမြှပ်နှံမှုများပြု၍ အကျိုးပြုလျက်ရှိပါသည်။ အမြင် အာရုဏ်ချို့သော၊ အများပြည်သူပေါင်း (၇၄,၀၀၀) ကို၊ ပြန်လည်ကောင်းမွန်လာစေရန် ခွဲစိတ်ကုသမှု များဖြင့်လှူဒါန်းခဲ့သည်။ ပြီးနောက် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းများရှိ ၊ ကျေးရွာပေါင်း (၁၃၁) ရွာရှိ၊ အိမ်ခြေပေါင်း (၁၂,၃၇၉) အိမ်ခြေမှ အများပြည်သူ
ပေါင်း (၇၃,၃၃၄) ဦးအတွက်၊ သောက်သုံးရေကြည်ရေသန့်များ ရရှိရန်၊ ရေတွင်းများ၊ ရေပိုက်လိုင်းများ ၊ တိုင်ကီများတည်ဆောက် တပ်ဆင်ပေးကာ၊ ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် အရေးကြုံသည့်အခါတိုင်းတွင်လည်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အမြဲလက် တွဲကာ အားဖြည့်ကူညီမှုများဖြင့် တစ်တပ်တစ်အား ပံ့ပိုးခဲ့သည်။ ဥပမာ၊ နာဂစ်မုန်တိုင်းအပြီး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အားဖြည့်ပံ့ပိုးခဲ့ပြီး၊ ယခုဖြစ်ပွားနေသော၊ COVID-19 ရောဂါ၊ ကာကွယ် ၊တိုက်ဖျက်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် လက်တွဲလျက်၊ လက်သန့်ဆေးရည်များလည်း ထုတ်လုပ်လှူဒါန်းလျက်ရှိသည်။

Grand Royal Group International Co., Ltd welcomes fair competition through the Foreign Liquor Import policy

Grand Royal Group International Co., Ltd welcomes fair competition through the Foreign Liquor Import policy

Grand Royal Group International (GRGI) is Myanmar’s leading alcohol beverage company with many iconic whisky brands. GRGI is celebrating its 25 years anniversary this year. With the announcement on 25th May 2020 on the relaxation of the ban on alcohol imports, we would like to state that we fully support the government’s decision.

Regarding the recent opening of the Myanmar market to foreign alcohol imports, the co-chairman of GRGI, U Aung Moe Kyaw said, “As a company that will be affected by this new ruling, we support policies and procedures designed to enhance choice and innovation through competition for the benefit of the country and its people. We believe this can be best achieved through policies of fair trade based upon compliance on health and safety standards and measures designed to create taxation and duties levied on an equitable basis. The terms, procedures and standards for product regulation, taxation, labelling and traceability should be consistent with common ASEAN and international guidelines and principles. We at GRGI welcome the competition and we will ensure to elevate our innovation and customer satisfaction for our wholesale and retail partners as well. We just hope that there will be a level playing field for all.”

“GRGI has consistently been one of the top taxpayers in Myanmar. In fact, we have received the President’s Tax Awards for the last 5 years. We take our tax obligations seriously and recognize the important contribution to government income. As a responsible corporate citizen, we support a tax structure for alcohol products that is fair, and which is simple yet effective and inclusive.” Stated U Aung Moe Kyaw.

Mr. Sanjay Gupta, CEO of Grand Royal Group International said, “The Group has been in the industry for close to 25 years and we have weathered many storms internally as well as externally. This experience in the market has helped us become stronger and enabled us to grow. It is our goal to provide the best service and products possible and to ensure that our consumers are top priority all the time. The eco-system that we operate in is not an isolated one and whatever we do has an impact on various segments of society one way or another. We are all inter-linked in life and GRGI’s concept is to do good as much as possible to help our society.”
Competition is an opportunity for GRGI to further develop our brands. We intend to continue to invest a great deal in product development, research, quality control and responsible operations while consistently looking after our staff, partners, customers and the local environment. Such investments are significant and necessarily long-term. We have been focusing on our customers since our founding and maintaining our strict standards by producing the best high-quality products for our consumers. Our products, Grand Royal Black, Grand Royal Special Reserve, Signature and Smooth are recognized and honored by the awarding of more than 70 international prestigious industry awards.”
The group is contributing annually over 140 Billion MMK in license fees, duties and taxes, our products use Myanmar-sourced ingredients to create products which are the authentic taste of the nation. For instance, we purchase hundreds of thousands of tons of broken rice yearly from Myanmar farmers, bringing billions of Kyats into the farming community. “The new policy together with the tax regime for alcohol products must be fair but strongly enforced. Fairness ensures an appropriate contribution to government revenue and protecting the local communities that work directly and indirectly with us, thus benefiting from the local manufacturing we provide.” stated Mr. Sanjay Gupta.

Grand Royal Group International is actively engaging with its partners, government and international players to ensure a trading environment that promotes competitive and fair trading with the aim of ensuring a level-playing field for not only Myanmar, but the region. We take pride in being a responsible and creditable organization that cares for our consumers, employees and the people of our country, Myanmar.
Grand Royal Group International was founded in 1995 with fifty employees and quickly established a reputation for providing consumers with exceptional products and service. Throughout the subsequent twenty-five years, the group has striven to create and maintain quality products and brands, to demonstrate a responsible approach to business and to ensure that it remains one of the most respectable companies in Myanmar. GRGI is now the market leader, creating over 2,500 jobs directly and making a major contributor to Myanmar’s economy.
The group takes CSR programs seriously and has long been investing in key charitable initiatives. The long running campaign on providing free eye treatment helped over 74,000 patients who could not afford sight-saving treatment. And the group continues working hard to bring clean water to villages and poor districts through the provision of wells, supporting facilities and education and has brought accessing drinking water for over 12,379 Household and over 73,334 residents in 131 villages across Mon state, Yangon, Mandalay, Ayeyarwady, Bago and Magway regions. And the group has come forward to support the community as and when there were national level crisis occurred e.g. supported with several relief efforts in Cyclone Nargis and most recently supported with hand sanitizer donations to the community together with the national level committee of prevention, control and treatment of COVID-19 and the Ministry of Health and Sport.

Grand Royal Group International ကုမ္ပဏီလီမိတက်သည် တရားမျှတသော ယှဥ်ပြိုင်မှုမှတဆင့် နိုင်ငံခြားအရက်များတင်သွင်းခြင်းမူဝါဒ အားကြိုဆို

Grand Royal Group International Co.,Ltd တွဲဖက်ဥက္ကဌ ၏ တိုက်တွန်းနှိုးဆော်ချက်

ချစ်ခင်လေးစားအပ်ပါသော ဖောက်သည်များ၊ ဝန်ထမ်းများနဲ့ မိဘပြည်သူများ ခင်ဗျာ။

COVID-19 ရောဂါကို ဖြစ်ပွားစေတဲ့ ကော်ရိုနာရောဂါပိုးဟာ ကျွန်တော်တို့ လူမှု၀န်းကျင်တွေ အတွင်းမှာ အလျင်အမြန် ကူးစက်ပျံ့ပွားနိုင်တဲ့ ရောဂါပိုးဖြစ်သော်လည်း၊ ‌ကြောက်လန့်တုန်လှုပ်ခြင်းမရှိပဲ ခေါင်းအေးအေး ထားပြီး၊ နိုင်ငံတော်ရဲ့ခေါင်းဆောင်နဲ့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက အကြံပြုထားတဲ့ လမ်းညွှန်ချက် တွေကို သေချာလိုက်နာကြမယ်ဆိုရင် ဒီရောဂါပိုးကူးစက်ခြင်းကနေ ကာကွယ်နိုင် ပါတယ်။

ဒီရောဂါပိုးကြောင့် အခုလို ကြီးမားတဲ့ အခက်အခဲမျိုးရှိလာနိုင်တဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်စေဖို့ ကျွန်တော်တို့ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေအားလုံး လုံခြုံစိတ်ချရစေဖို့ စီမံဆောင်ရွက်ထားတဲ့ လုပ်ငန်းစဉ်တွေကို မျှဝေရန် အရေးကြီးတယ်လို့ ယုံကြည်မိပါတယ်။

COVID-19 ရောဂါဟာ ခုထိပျံ့ပွားလျက်ရှိပြီး ကျွန်တော်တို့ဟာ မသေချာမရေရာတဲ့ အခြေအနေမျိုးမှာ နေ့စဉ် နေထိုင်နေကြရပါတယ်။ သို့ပါသော်လည်း အခြေအနေတစ်မျိုးပြောင်းလဲသွားတာနဲ့ တပြိုင်နက် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဆုံးဖြတ်ချက်တွေကို လျင်မြန်စွာချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များနဲ့ အကြံပြုချက်များကိုလည်း စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးလျက်ရှိပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အဖွဲ့အစည်း၊ ဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေး လက်တွဲဖော်တွေ၊ ကုန်ပစ္စည်းပံ့ပိုးသူတွေနဲ့ ကျွန်တော်တို့ လူမှုဝန်းကျင်တစ်ခုလုံး အတိုင်းအတာအတွက် အသက်အန္တရာယ် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတဲ့ အချက်ပါပဲ။

ကျွန်တော်တို့တွေအားလုံး စနစ်တကျ ညီညီညွတ်ညွတ်နဲ့အချင်းချင်း မေတ္တာတရားရှေ့ထားပြီး ရင်ဆိုင်ကျော်ြဖတ် ကြဖို့ တိုက်တွန်းရင်း အောက်ပါအကြောင်းအရာများကို တင်ပြအပ်ပါတယ်။

၁။ ကျွန်တော်တို့ ဌာနချုပ်ရုံးနဲ့ စက်ရုံတွေမှာ လိုက်နာဖို့ တင်းကြပ်တဲ့ လုံခြုံရေးစည်းမျဉ်း စည်းကမ်းတွေ ချမှတ် ထားပြီးဖြစ်ပါတယ်။

၂။ ဝန်ထမ်းတွေ၊ ကုန်ပစ္စည်းတွေ၊ ကုန်ပစ္စည်း တင်သွင်းသူ တွေကို ကုန်ထုတ်လုပ်မှုကဏ္ဍတွေ မရောင်းခင် သေချာစွာ စိစစ်စစ်ဆေးရေးများကို ဆောင်ရွက်နေပြီး၊ အလုပ်ခွင်မှာ လိုက်နာဖို့ တင်းကြပ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

၃။ ပိုးမွှားကင်းစင်ပြီး၊ သန့်ရှင်းဖို့အတွက် ပထမဦးစားပေးအနေနဲ့ ဆက်တိုက် အလုပ်လုပ်လျက်ရှိပါတယ်။

၄။ ၀န်ထမ်းတွေအားလုံးကိုလည်း နေကောင်းမကောင်း နေ့စဉ်နဲ့အမျှ စစ်ဆေးစောင့်ရှောက်နေပြီး၊ လိုအပ်ပါက အရေးပေါ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း စီမံထားပြီး ဖြစ်ပါတယ်။

၅။ ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေဟာ ဒီရောဂါပိုးကြောင့် တစုံတရာထိခိုက်မှုမရှိအောင် သေချာ ကျနစွာ စီစဉ်ထားပြီးဖြစ်ပါသဖြင့် ကိုင်တွယ်၊ သောက်သုံးဖို့လုံခြုံစိတ်ချမှု အပြည့်အ၀ရှိနိုင်ပါတယ်။

၆။ အားလုံးအတွက် (၂၄) နာရီ ၊ (၇) ရက်ပတ်လုံး အချိန်ပြည့်နိုးကြား တာ၀န်ယူလျက်ရှိပါတယ်။

မိမိတို့ကိုယ်ပိုင်ဘ၀တွေ ဆက်လက်တိုးတက်ကြီးပွားစေဖို့ အားပေးတိုက်တွန်းရင်း ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်လျက် ကျွန်တော်တို့ထုတ်ကုန်ပစ္စည်းတွေကို ယုံကြည်ချက် ပြည့်ပြည့်၀၀နဲ့ နှစ်သက်နိုင်ပါစေလို့ ဆန္ဒပြုအပ် ပါတယ်။ မိဘပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး၊ ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းက မားမား မတ်မတ် ဦးဆောင်နေတဲ့ အဓိကအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအတွက် မေတ္တာဖြင့် အခမဲ့လက်သန့်ဆေးရည် ဗူးပေါင်း (၂၀၀,၀၀၀) ခန့် ကိုထုတ်လုပ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Grand Royal Group International Co.,Ltd နဲ့ အစုရှယ်ယာဝင်တွေအနေနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာပြီး၊ မိဘပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်နေကြပါတယ်။ လူစုလူ‌‌‌‌‌ဝေး မှန်သမျှရှောင်၍ သီးသန့်နေခြင်းပဲဖြစ်စေ၊ တစ်ဦးတည်းသီးသန့်နေထိုင်ခြင်းပဲဖြစ်စေ၊ တာ၀န်ယူမှု၊ တာ၀န်ခံမှု အပြည့်အ၀ယူ ထားသူပဲဖြစ်စေ၊ အကောင်းဆုံးကျင့်ကြံ နေထိုင်ကြပြီး၊ အဆက်အသွယ်မပြတ်ရှိနေကြပါ၊ ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်ကြပါရန်နဲ့ တစ်‌ဦးနဲ့တစ်ဦး ဖေးဖေးမမ ကူညီရိုင်းပင်းကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းနိုးဆော် လိုက်ရပါတယ် ခင်ဗျာ။

ကျွန်တော်တို့အပေါ်မှာအပြည့်အဝ ယုံကြည်စိတ်ချတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။

Grand Royal Group International ၏ တွဲဖက်ဥက္ကဌ

Grand Royal Group International donates 500 Million MMK worth of Hand Sanitizer units

In these troubling times, the Grand Royal Group International (GRGI) and its shareholders, under the stewardship of its Co-Chairman U Aung Moe Kyaw has stepped forward to donate 500 million MMK worth of hand sanitizer units to various institutions in Myanmar that urgently need the use of these disinfecting liquids.

“We need to stand together as a nation to combat this virus that is ravaging our land and the world. Myanmar needs to show the world that we are confident in defeating this COVID-19 situation so that we can move forward again as a Nation. As a show of support towards the people of Myanmar, we are donating over 200,000 bottles of hand sanitizers to various organisations that need them urgently to help stop the spread of COVID-19.” Said, U Aung Moe Kyaw, Co-Chairman of GRGI.

“We mobilised with full capabilities within weeks of hearing of the outbreak to produce 200,000 hand sanitizers and to get them out to the various institutions as soon as possible. Our distribution outlets and partners helped us to spread out the load and get them as soon as possible into the hands of the people in need, quickly and efficiently”, said Mr. Sanjay Gupta, CEO of GRGI.

The hand sanitizer formula was approved by the FDA and the Ministry of Health sport, and once we received the “green-light”, production steamrolled forward, and we managed to get the first batch out within 2-3 weeks. Through this initiative, GRGI shows our solidarity with the people of Myanmar.

The list of the institutions that received the hand sanitizer units are listed in the attachments. The hand sanitizers are packed in 500ml bottles with 19 bottles in one carton box. The name that we have bottled it under is called “Naing Ngan Thar Gaung” meaning good corporate citizen.

In accordance with our group’s commitment of being a good corporate citizen, with our capabilities, we will always be there whenever the country and our citizens need the support.”, said Co-Chairman U Aung Moe Kyaw.

The Message from Co-Chairman of Grand Royal Group International Co.,Ltd

Dear Customers, staff of GRGI (Grand Royal Group International Co., Ltd) and the people of Myanmar

The Coronavirus (the virus that causes Covid-19 disease) is a fast spreading virus that has the ability to expand rapidly within communities. If we follow the directives and announcements of our leaders and Ministry of Health and Sports calmly without any nervousness, we could prevent the spread of this virus.

We think it is important that we share with you some of the steps we have taken to ensure that our customers and employees stay safe while preparing ourselves to serve our customers to the maximum extent possible during the disruptions that this virus may bring about.

The Covid-19 situation is still evolving and we are living in uncertain times. However, be rest assured that we at GRG will make decisions and act quickly as we gain new facts about the situation. We are following the Ministry of Health guidelines, directives and advice. Most importantly we are also protecting the safety of our team, staff, delivery partners, suppliers and our community at large.

We will meet these challenges by uniting the strength of our people with the strength of the nation, we would like to reassure you of a few things:
1) We have enacted tough and firm safety protocols throughout our workspace and factories.
2) All our staff, supplies and suppliers are checked before coming to our production lines and we have implemented strict protocols to protect the workspace.
3) Levels of hygiene are at its highest and we will not rest till everything is cleaned.
4) All our staff are checked every day for any signs of illness and precautions are put in place should anyone contract the virus.

5) We make sure that our products are not affected by the virus and are safe to handle and consume.
6) We will keep on our fullest alert 24/7 just for you.

We want to inspire you to move on with life and to make sure that you do everything to keep safe and to enjoy our products with confidence. To encourage members of the general public to remain safe, we have initiated programs to distribute free of cost hand sanitisers to key public bodies which are in the front line of this battle against the virus. We are gearing up to distribute nearly 200,000 bottles of sanitisers to protect the people of Myanmar.

We, Grand Royal Group International Co., Ltd and the shareholders, will continue to keep doing our best for you, the people of Myanmar by following the directives and announcements of our leaders and the Ministry of Health and Sports. Whether you are social distancing, in self-isolation or just trying to act responsibly, please remember to continue being your best self, stay connected, stay safe and act with kindness all the time.

Thank you in believing in us.
Co-Chairman GRGI

Grand Royal Group International ကုမ္ပဏီ လီမိတက်က မြန်မာကျပ်ငွေ သိန်း ငါးထောင် (၅၀၀၀) တန်ဖိုးရှိ လက်သန့်ဆေးရည်များ လှူဒါန်း

ယခုကဲ့သို့သော အခက်အခဲကြုံတွေ့နေရသည့် အချိန်အခါတွင်၊ Grand Royal Group International ကုမ္ပဏီ နှင့် ၎င်း၏ အစုရှယ်ယာဝင်များသည်၊ တွဲဖက်ဥက္ကဌ ဦးအောင်မိုးကျော်၏ ဦးဆောင်မှုအောက်တွင်၊ မြန်မာကျပ်ငွေသိန်း ငါးထောင် (၅၀၀၀) တန်ဖိုးရှိ လက်သန့်ဆေးရည်များ ကို ရောဂါပိုး ကာကွယ်တိုက်ဖျက်ရေးအတွက် အရေးပေါ်လိုအပ်လျက်ရှိသော၊ တိုင်းပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များသို့ လှူဒါန်းလျက်ရှိပါသည်။

“ကျွန်တော်တို့အားလုံး မြန်မာပြည်နဲ့ တကမ္ဘာလုံးကို အတိဒုက္ခ‌ ရောက်စေတဲ့ ကူးစက်ရောဂါပိုး အန္တ ရာယ်ကို တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ကြံကြံခံတိုက်ဖျက်ဖို့လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနေနဲ့ ရှေ့အနာဂတ်ခရီးကို မားမားမတ်မတ်ချီတက်နိုင်ဖို့၊ COVID-19 ရောဂါကို ယုံ ကြည်ချက်အပြည့်နဲ တိုက်ဖျက်နိုင်ကြောင်း ကမ္ဘာကို ပြသဖို့လည်းလိုပါတယ်။ တိုင်းပြည်တွင်းက မိဘပြည်သူများကို ဖေးမကူညီတဲ့အနေနဲ့၊ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် အရေးပေါ်လိုအပ်နေတဲ့ တိုင်းပြည်တွင်းရှိ အဖွဲ့အစည်းများ နဲ့ အသင်းအဖွဲ့များသို့ လက်သန့်ဆေးရည် ပုလင်းပေါင်း နှစ်သိန်း (၂၀၀၀၀၀) ကိုလှူဒါန်းလျက်ရှိပါတယ်။”ဟု၊ GRGI ၏ တွဲဖက်ဥက္ကဌ ဦးအောင်မိုးကျော်က ပြောကြားသည်။

“ကမ္ဘာ့ကပ်ရောဂါအခြေအနေပေါ်ပေါက်လာြပီး မကြာမီ ရက်သတ္တပါတ်များအတွင်းတွင်၊ လက်သန့် ဆေးရည်များကို ကျွန်တော်တို့မှာရှိသမျှ လူစွမ်းအားအရင်း အမြစ်တွေ အားလုံးနဲ့ စက်ရုံမှာရှိတဲ့ အ ရင်းအမြစ်တွေအကုန်လုံးကို အင်တိုက်အားတိုက်သုံးပြီး၊ လက်သန့်ဆေးရည်ဗူးပေါင်း နှစ်သိန်း (၂၀၀၀၀၀) ကို ၊ လိုအပ်နေတဲ့ အသင်းအဖွဲ့အမျိုးမျိုးဆီကို အမြန်ဆုံးဖြန့်ချိ လှူဒါန်းနေပါတယ်။ ကျွန်တော်တို့ရဲ့ ဖြန့်ချိရေးကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့ဌာနခွဲတွေ ကလည်းလိုအပ်နေတဲ့သူ တွေဆီကို အသင်းအဖွဲ့တွေကနေတဆင့်ရောက်ရှိဖို့ အထိရောက်ဆုံးနဲ့ အမြန်ဆုံးဆောင်ရွက်နေကြ ပါတယ်။” ဟု GRGI ၏ အမှုဆောင်အရာရှိချုပ် Sanjay Gupta က ဆိုသည်။

ဆက်လက်ပြီး Sanjay Gupta က၊ “ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံအစား အသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာနက ကျွန်တော်တို့လက်သန့်ဆေးရည် ထုတ်လုပ်ဖြန့်ချိလှူဒါန်းတာ ကို ခွင့်ပြုမိန့်ပေးထားပြီးပြီဖြစ်ပါတယ်။ ခွင့်ပြုမိန့်ကျတာနဲ့ တပြိုင်နက်တည်းမှာ၊ ၂-၃ ပါတ် အတွင်း၊ အင်တိုက်အားတိုက် ထုတ်လုပ်ခဲ့ပါတယ်။ GRGI အနေနဲ့မြန်မာပြည်မှာရှိတဲ့ မိဘပြည်သူတွေနဲ့ အတူ တူလက်တွဲလျက်ရှိ‌ကြောင်း ပြသလိုပါတယ်။”ဟုဆိုသည်။

GRGI ၏ လက်သန့်ဆေးရည်ပုလင်းများ အလှူဒါနကို လက်ခံရရှိသည့် အဖွဲ့အစည်းများ နှင့် အသင်း အဖွဲ့များစာရင်းကို ပူးတွဲပါအတိုင်းဖေါပြထားသည်။ လက်သန့်ဆေးရည်တစ်ဗူးတွင်၊ ဆေးရည်ပမာ ဏ (၅၀၀) မီလီလီတာ ပါဝင်ပြီး၊ ချပ်စက္ကူတစ်ဗူးတွင်၊ လက်သန့်ဆေးရည် (၁၉) ဗူးပါဝင်သည်။ လက်သန့်ဆေးရည်၏အမှတ်တံဆိပ်မှာ၊ “နိုင်ငံ့သားကောင်း” ဖြစ်သည်။

“ကျွန်တော်တို့ လုပ်ငန်းစုရဲ့ ခံယူချက်ဖြစ်တဲ့၊ Good Corporate Citizen (ခေါ်) နိုင်ငံ့သားကောင်း စီးပွားရေးလုပ်ငန်းစုအနေနဲ့ နိုင်ငံတော်နဲ့ပြည်သူတွေလိုအပ်တဲ့အချိန်တိုင်းမှာ၊ တတ်နိုင်သ၍ဝိုင်းဝန်း ဆောင်ရွက်သွားပါမယ်။” ဟုတွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က‌‌ပြောသည်။

Grand Royal Group ၏ ၂၀၁၉ ခုနှစ်အတွင်း ထပ်မံအောင်မြင်သည့် CSR Project အား မိတ်ဆက်ခြင်း

Grand Royal Group လူမှုစောင့်ရှောက်ရေးအစီအစဉ်တွင် ကျွန်တော်တို့၏ ဆောင်ပုဒ် တစ်ခု ဖြစ်သည့် တာဝန်ကျေပွန်သောနိုင်ငံ့သားကောင်းပီသရေး (Being A Good Corporate Citizen) နှင့်အညီ လူမှုစီးပွားပတ်ဝန်းကျင်အကျိုးကို အမြဲဦးစားပေး လုပ်ဆောင်လျှက်ရှိပါသည်။ ကျွန်တော်တို့၏ လူမှုစောင့်ရှောက်ရေးအစီအစဉ် (CSR)သည် ကျွန်ပ်တို့ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသည့် ပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းမြှင့်တင်ပေးရန်၊ ကျန်းမာရေးကောင်း မွန်စေရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းစေရန် အဓိကရည်ရွယ်ချက် ထားကာ အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
Grand Royal Group ၏ CSR လုပ်ငန်းစဉ်များအတွက် နှစ်စဉ် ကျပ် (၁.၅) ဘီလီယံမှ (၂) ဘီလီယံအထိ နှစ်စဉ်လျာထား သုံးစွဲလျှက်ရှိပါသည်။ ကျွန်တော်တို့ရဲ့ သန့်စင်သောရေစက်တိုင်း ၏အဖိုးတန်မှု “Clean Water Project” သည် ဒေသခံပြည်သူများ သန့်ရှင်းလတ်ဆတ်ပြီး ဘေးကင်းသော ထာဝရသောက်သုံးရေသန့်ရရှိစေနိုင်ရန် အဓိကရှေ့ရှုလျှက်ရှိပြီး၊ ယခုအချိန် အထိ အိမ်ခြေပေါင်း ၇,၅၀၀ ကျော်ခန့်နှင့် လူဦးရေပေါင်း ၅၀,၀၀၀ ကျော်ခန့်၏ သောက်သုံး ရေသန့်အခက်အခဲပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် ကျွန်တော်တို့ရဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းလုပ်ငန်းဟာလည်း လူပေါင်း ၈၀,၀၀၀ ကျော်ခန့်ရဲ့ အမျိုးအမျိုးသော မျက်စိဝေဒနာတွေကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ လူမှုစောင့်ရှောက်ရေးအစီအစဉ် (CSR) လုပ်ငန်းများအတွက် အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM) မှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၉ ခုနှစ် တစ်နှစ်တာလုံး၏ အကောင်းဆုံး CSR လုပ်ငန်းထူချွန်ဆုကိုပေးအပ်ခြင်းခံခဲ့ရပြီး၊ ထိုဆုကို (၄) နှစ် ဆက်တိုက် (၂၀၁၆-၂၀၁၉) အသိအမှတ်ပြု လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် Grand Royal Group သည် ကော်ပိုရိတ်တာဝန်ကျေမှုများထဲမှအရေးကြီးသည့် အချက်ဖြစ်သော အခွန်ပေးဆောင်မှုကိုလည်း အစဉ်အမြဲ အလေးထားလိုက်နာလျှက်ရှိသည်။ ၂၀၁၈ – ၂၀၁၉ စည်းကြပ်နှစ်တွင် နိုင်ငံတော်ကို အခွန်ဘဏ္ဍာငွေ ကျပ်ဘီလီယံ ၁၁၁ ကျော်ခန့်ကို ပေးဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းအခွန်ထမ်းကြီးများ (၁၀) ဦး စာရင်းတွင် ဆယ်စုနှစ်များ စွာ ကတည်းက နှစ်စဉ်ဖော်ပြခံရလျှက်ရှိသည်။ နိုင်ငံတော်သမ္မတမှပေးအပ်သည့် ထိပ်တန်း အခွန်ထမ်းကြီးများအတွက် ဂုဏ်ပြုဆုများကိုလည်း နှစ်စဉ်ရရှိလျှက်ရှိပါသည်။ Grand Royal Group ၏ “Clean Water Project” ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဦးစားပေး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ကော့မှုးမြို့နယ်၊ သာစည်မြို့နယ်၊ မိထ္တီလာမြို့နယ်၊ ကျောက်ပန်းတောင်းခရိုင်၊ ပုသိမ်၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။
ယခုဆိုလျှင် ကျွန်တော်တို့ရဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွက် နောက်ဆုံးအကောင်အထည် ဖော်ခဲ့သည့် “Clean Water Project” ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ပဲခူးတိုင်းဒေသကြီး၌ အောင်မြင်ခဲ့ပြီး ဒေသခံပြည်သူများ အသုံးပြုလျှက်ရှိ နေကြပြီဖြစ်ပါသည်။ ထို Project ကို ၂၀၁၉၊ ဇွန်လမှ စတင်ခဲ့ပြီး အုတ်ဖိုမြို့နယ် နနွင်းကုန်းကျေးရွာအုပ်စု၊ ကြို့ပင်ကောက်မြို့နယ် အုန်းတော ကျေးရွာအုပ်စုနှင့် တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စုတို့တွင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် ကျွန်တော်တို့ရဲ့ ၎င်း Project သည် အိမ်ခြေပေါင်း ၁,၃၆၃ နှင့် လူပေါင်း ၅,၃၇၄ တို့ကို သန့်စင်သော သောက်သုံးရေရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၂၀ ခုနှစ်အတွက် Clean Water Project ရဲ့ နောက်ထပ်ခြေလှမ်း အသစ်တစ်ခု ဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသောနေရာဒေသများတွင် အကောင်အထည်ဖော်ရန် ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းစဉ်များ (Survey) စတင် လုပ်ဆောင် နေပြီ ဖြစ်ပါသည်။
“ကျွန်တော်တို့ရဲ့ ဒီ Project အတွက် သိန်း (၄၀၀) ခန့် ကုန်ကျခံခဲ့ပြီး ရေသန့်စက် အဆောက်အဦး (၃) ခု၊ ရေသန့်စင်စက် (၃) ခုနဲ့ ရေစုကန် (၃) ခုကို တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Project ကတော့ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်ထဲက အောင်မြင်လို့ စတင်လည်ပတ်ခဲ့တာ ဒေသခံပြည်သူများ ကို လွှဲပေးအပ်ပေးတဲ့ အခမ်းအနားကတော့ ဒီဇင်ဘာလ ၂၀၁၉ မှ လုပ်ခဲ့ရတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အစိုးရမှတာဝန်ရှိသူများနဲ့ အတူ Survey လုပ်ပြီးမှ တကယ်လို အပ်နေတဲ့ နေရာဒေသမှာရှိတဲ့ ရွာတွေကို ရွေးထုတ်ပြီး ဆောင်ရွက်ပေးတာဖြစ်ပါတယ်။” ဟု CSR Manager ဦးတင့်ဝေမှ ပြောပါသည်။

“ကျွန်တော်တို့ Grand Royal Group အနေဖြင့် ပြည်သူတွေရဲ့ လူနေမှုဘဝတိုးတက်စေဖို့အတွက် အစဉ်အမြဲ တတ်အားသရွေ့ ဆောင်ရွက်ပေးခြင်းကလည်း ကျွန်တော်တို့ရဲ့ အလေးထားရတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ CSR လုပ်ငန်းတွေအနေနဲ့ မျက်စိကုသခြင်း၊ ရေတွင်း တူးဖော်ခြင်းနှင့် ထာဝရသောက်ရေသန့်စက်များ လှူဒါန်းတည်ဆောက်ပေးခြင်း၊ စာသင်ကျောင်း များ ဆောက်လုပ်လှူဒါန်းခြင်းတွေပြုလုပ်ပေးတယ်။ နိုင်ငံ့အားကစားအတွက် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဘောလုံးအသင်း ဖြစ်တဲ့ ဟံသာဝတီယူနိုက်တက်အသင်းကို ပံ့ပိုးပေးခြင်းအစရှိတဲ့ ပုံမှန်လုပ်ငန်းတွေအပြင်၊ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာဒေသများတွင် ကိုယ်တိုင် ကိုယ်ကျ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းခြင်းတွေလည်း ကျွန်တော် တို့ရဲ့ တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်းပီသရေး (Being A Good Corporate Citizen) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်လျှက်ရှိပါတယ်။ ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့အနေနဲ့ CSR အကျိုးပြုလုပ်ငန်းတွေကို ထပ်မံအရှိန်အဟုန်မြင့်တင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု Grand Royal Group ၏ တွဲဖက်ဥက္ကဌ ဦးအောင်မိုးကျော်မှ ပြောကြားပါသည်။
“ကျွန်တော်တို့ကျေးရွာတွေမှာ နွေရာသီဆိုရင် သောက်သုံးရေရရှိဖို့ အင်မတန်အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတယ်။ ကျွန်တော်တို့ ကျေးရွာသူ/သားတွေဟာ စီးပွားရေး မပြေလည်တဲ့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ သောက်သုံးရေသန့်ကို မသောက်သုံး နိုင်ကျတော့ တစ်ဖက်မှာ ကျန်းမာရေး ထိခိုက်မှုတွေ နှစ်စဉ်နှစ်တိုင်း ခံစားရပါတယ်။ ဒါအပြင် ရေရဲ့ သန့်ရှင်းမှုကို သတိမထားမိ မသိကြတဲ့အတွက် ဒီရေဆိုးရေညစ်များကိုပဲ သောက်သုံးမိကြတယ်။ ကျွန်တော်တို့ ဒေသခံတွေဟာ စိုက်ပျိုးရေး တပိုင်တနိုင်လုပ်တဲ့အတွက် ကျွဲ၊ နွားများလည်း သောက်သုံးရေ ခက်ခဲပါတယ်။ ကျွန်တော်တို့ကျေးရွာမှာ ရေရှားတဲ့အတွက် တစ်ခြားချောင်းရှိတဲ့ ကျေးရွာတွေကိုသွားပြီး ချောင်းရေကို သယ်ယူရပါတယ်။ ဒါကြောင့် ကျေးရွာသူ/သားတွေဟာ ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျေးရွာပိုင် ကန်ကြီးတစ်ကန်တူးပြီးတော့ ကျွန်တော်တို့ရဲ့ သောက်သုံးရေ အခက်အခဲကို ဖြေရှင်းရပါတယ်။ ဒီရေကို သောက်သုံး ရသော်လည်းပဲ ရေထဲမှာ ရောဂါပယများရှိတဲ့အတွက် ကျေးရွာသူ/သားများ ကျန်းမာရေးနှင့် ညီညွှတ်မှုမရှိပါဘူး။ ဒါပေမယ့် လည်း ရေရှားပါတဲ့အတွက် ကျေးရွာသူ/သားတွေအနေနဲ့ သောက်သုံးခဲ့ရပါတယ်။ အခုတော့ တစ်ရွာလုံးတင်မက နီးစပ်ရာကျေးရွာတွေကပါ ကျန်းကျန်းမာမာ၊ ဘေးအန္တရာယ်ကင်းကင်း ရှင်းရှင်းဖြစ်တဲ့ သန့်စင်တဲ့ရေနဲ့ သောက်သုံးရေသန့်တွေကို ဖောဖောသီသီ သောက်သုံးနိုင်ပါပြီ” ဟု ကရင်ချောင်းကျေးရွာအုပ်စု၊ ကြို့ပင်ကောက်မြို့နယ်နေ ဒေသခံ ပြည်သူတစ်ဦးဖြစ်သူ ဦးမိုးကျော်မှ ပြောကြားပါသည်။