မန္တလေးအင်အားပြင်းငလျင်အပြီး GRGI ၏ ကူညီထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်နေမှုများ

GRGI သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော (၇.၇) အဆင့် ရှိ အင်းအားပြင်း ငလျင်ကြောင့် ဘေးဒုက္ခ ရောက်ခဲ့ကြသော ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ လူထုများအတွက် အရေးပေါ်ကူညီရေးလုပ်ငန်းများကို မြန်ဆန်စွာ ကူညီလှူဒါန်းထောက်ပံ့ နိုင်ခဲ့ ပါ သည်။

✅ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း အတည်ပြုနိုင်ပြီး၊ အချို့ ဝန်ထမ်းများမှာ ကိုယ်ပိုင် ပစ္စည်းပျက်စီးမှုနှင့်မိသားစုဝင်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပါသည်။
✅ မန္တလေးစက်ရုံတွင် လုံခြုံရေးစစ်ဆေးမှုများပြီးနောက် မတ်လ ၂၉ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီး၊ မန္တလေးရှိ အခြား လုပ်ငန်း လုပ်ဆောင်ရာ နေရာများ တွင်လည်း လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ခဲ့ပါသည်။

ကူညီထောက်ပံ့ရေးအစီအစဉ်များ

ဝန်ထမ်းများကိုထောက်ပံ့ပေးခြင်း
• မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းရှိ ဝန်ထမ်းများအား အခြေခံအစားအသောက်၊ ဆေးဝါး၊ အရေးပေါ်ကုသရေးပစ္စည်းများနှင့်ခြင်ထောင်များအားဝန်ထမ်း(၆၁၀)ဦးစာကူညီလှူဒါန်းထောက်ပံ့ပေးခဲ့ပါသည်။
•အိမ်ပျက်စီးမှုအခြေအနေပေါ် မူတည်၍ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ပိုင်းဆိုင်ရာ ပစ္စည်းများကို (၁၃၆) အိမ်ထောင်စုစာ ကူညီလှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။

ဒေသခံပြည်သူများအားကူညီထောက်ပံ့ပေးခြင်း(သင်္ကြန်အပြီး)
ဧပြီ၊ မေ၊နှင့် ဇွန်လများအတွင်းထိခိုက်မှုအများဆုံးဖြစ်သော ဒေသ (၉) ခုအတွင်းရှိ အိမ်ထောင်စု ၂,၅၀၀ ကျော်အား အခြေခံအစားအသောက်၊ ဆေးဝါး၊ အရေးပေါ်ကုသရေးပစ္စည်းများနှင့် ခြင်ထောင်များ အားကူညီလှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။

ဒေသအလိုက် ကူညီလှူဒါန်းထောက်ပံ့မှုအကျဉ်းချုပ်

ထိခိုက်မှုအများဆုံးမြို့ လှူဒါန်းသည့်ရက် အိမ်ထောင်စုအရေအတွက်
၁. ပျဉ်းမနား ၂၀၂၅၊ ဧပြီ ၂၈ ၄၄၀
၂. လယ်ဝေး ၂၀၂၅၊ ဧပြီ ၂၉ ၅၃
၃. တပ်ကုန်း ၂၀၂၅၊ ဧပြီ ၂၉ ၅၃
၄. နေပြည်တော် (သပြေကုန်း) ၂၀၂၅၊ ဧပြီ ၂၉ ၅၄
၅. စစ်ကိုင်း ၂၀၂၅၊ မေ ၂၇ ၃၀၀
၆. မန္တလေး (မဟာအောင်မြေ၊ အမရ ပူရ) ၂၀၂၅၊ မေ ၂၈၊ ၃၀ ၈၆၅
၇. အင်းလေး ၂၀၂၅၊ ဇွန် ၅ ၃၀၀
၈. ရမည်းသင်း ၂၀၂၅၊ ဇွန် ၇ ၂၂၈
၉. ပျော်ဘွယ် ၂၀၂၅၊ ဇွန် ၇ ၂၂၂
စုစုပေါင်း ၂,၅၁၅

ကုန်သွယ်ရေးမိတ်ဖက်များအတွက်ကူညီလှူဒါန်းထောက်ပံ့မှုများ
GRGI သည် ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုများအပြင် မန္တလေးရှိ ကုန်သွယ်ရေး မိတ်ဖက်များ အတွက်လည်း အထောက်အပံ့များ ဆက်လက်ပေးအပ်လျက်ရှိနေသည်။ မန္တလေးတွင် ကုန်ပစ္စည်း ဆုံးရှုံးမှုများ ဖြစ်ပွားခြင်းများအတွက် အရောင်းဌာနက ကူညီလှူဒါန်းထောက်ပံ့မှု များကို စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိနေပါသည်။

ငလျင်လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း GRGI အနေနှင့် ကူညီလှူဒါန်း ထောက်ပံ့မှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေပါ သည်။ ကုမ္ပဏီ၏ စံတန်ဖိုး (၃) ခု ဖြစ်သော တန်ဖိုးဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းနှင့် ပတ်သက်နှီးနွှယ်သူများ အပေါ်အလေးထားမှုများ ကို အခြေခံကာ ဝန်ထမ်းများ အပြင် ကုန်သွယ် မိတ်ဖက်များနှင့် ဒေသခံ ပြည်သူလူထုများ အတွက်လည်း အတူရပ်တည် လျက် ရှိနေပါသည်။

Grand Royal Group International က ရေဘေးသင့် အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေးတွင် လိုအပ်သော အခြေခံအသုံးအဆောင်ပစ္စည်းများအား လှူဒါန်း

တိုင်ဖုန်းမုန်တိုင်းရာဂီ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသများက ရေဘေးဒဏ် အပြင်းအထန် ခံစားနေရသော အများပြည်သူများ၏ ဆုံးရှုံးမှုအတွက် Grand Royal Group International မိသားစု အနေနှင့်လည်း ထပ်တူကြေကွဲဝမ်းနည်းရပါသည်။

လက်ရှိတွင်လည်း အချို့ဒေသများတွင် ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းနေကြသည်ကိုလည်း သတင်းနှင့် လူမှုကွန်ရက် စာမျက်နှာများ က တစ်ဆင့် ကြားသိနေရပါသည်။ ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှု အပေါ် Grand Royal Group International အနေနှင့်လည်း နယ်ခံပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးအန္တရာယ်အပြင်းအထန် ခံစားနေရသော သာဝတ္ထိ၊ တပ်ကုန်း၊ လယ်ဝေး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကလောနှင့် အင်းလေးဒေသများ အပါအဝင်၊ အခြားသော ရေဘေးသင့် ဒေသများ သို့ ပြန်လည်ထူထောင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအသုံးအဆောင်များနှင့် အိမ်သုံးပစ္စည်းများအား ရေဘေးသင့်ပြည်သူမိသားစုပေါင်း မြောက်မြားစွာအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် အနေနှင့် ကူညီလှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအနေနှင့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်ရာတွင် လိုအပ်လျက်ရှိသော အထောက်အပံ့များ ရရှိပါစေကြောင်း Grand Royal Group International မိသားစုက ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

Grand Royal Group International စက်ရုံမီးလောင်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်

Thai beverage Public Company Limited က ၇၅% ပိုင်ဆိုင်သောမြန်မာနိုင်ငံရှိ အဖျော်ယမကာ လုပ်ငန်းစုဖြစ်သည့် Grand Royal Group International Co., Ltd. (GRGI) ရန်ကုန် ၊ မှော်ဘီစက်ရုံ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ သောကြာနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ရဲစွမ်းသတ္တိရှိရှိနှင့် စွမ်းစွမ်းတမံ မီးငြိမ်းသတ်ပေးခဲ့ကြသော မြန်မာနိုင်ငံ မီးသတ်ဌာန က မီးသတ်သူရဲကောင်းများ၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နှင့်အတူ ဝိုင်းဝန်း ကူညီပေးခဲ့ကြ သော စေတနာ့ဝန်ထမ်းများ ၊ ကုမ္ပဏီ ဝန်ထမ်းများ က အတူတကွ မီးငြိမ်းသတ်ပြီးနောက် ၊ ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်အစောပိုင်းတွင် အောင်မြင်စွာ မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။ ဖြစ်စဉ်တွင် မီးသတ်သူရဲကောင်းများ နှင့်၊ စေတနာ့ ဝန်ထမ်း စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ၄င်းတို့မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိနေပါသည်။ ၄င်းတို့အနက် (၁၇) ဦးမှာ ဆေးရုံက ဆင်းနိုင်ခဲ့ပြီး၊ ကျန် (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေ မရှိပါ။

အရက်သိုလှောင်သိမ်းဆည်းရာနေရာတွင်၊ မီးစတင်လောင်ကျွမ်းခဲ့ပြီး၊ သိုလှောင်ထားသည့် ၉၆%အရက်ကြမ်းများ ၊ အရက်ဖျော်စပ် ရာတွင်အသုံးပြုသော tank ကြီးများ ထိခိုက်ဆုံးရှုံး၊ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါသည်။ ပင်မ အရက်ချက်စက်ရုံ၊ ပုလင်းသွင်းစက်ရုံ နှင့် နှစ်ချို့အရက်စည်များ အခြမ်းသို့ မီး ကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ပါ။

မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး၊ ယခု သိရှိရသည့် အထောက် အထားများအရ မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်သည်ဟု ယူဆရပါသည်။ ကုမ္ပဏီအနေနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် မီးလောင်မှု ဖြစ်စဉ်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ သက်ဆိုင်ရာ အာမခံကုမ္ပဏီများ နှင့်လည်း သင့်တော်သော ဆုံးရှုံးမှု ပမာဏာအတွက် ဆွေးနွေးလျက်ရှိနေပါသည်။

“ကျွန်တော်တို့ အနေနဲ့ မီးလောင်မှုဖြစ်စဉ်အတွင်း ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့သူများအားလုံးကို အထူးပဲ ကျေးဇူးတင် ပါတယ်ခင်ဗျာ။ GRGI က စီမံအုပ်ချုပ်မှုအဖွဲ့ဟာ လိုအပ်တဲ့ လုပ်‌ဆောင်မှုများကို လုပ်ဆောင်နေပြီ ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးထားပြီး၊ အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ် လုပ်ငန်းများ ပြန်လည် စတင် နိုင်မယ်လို့ ခန့်မှန်းပါတယ်။ မန္တလေး စက်ရုံက တော့ အရင်အတိုင်း လည်ပတ်ဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စျေးကွက် ထဲမှာ ပစ္စည်းပြတ်လတ်မှု မရှိစေရအောင် ကုန်ပစ္စည်း ဖြန့်ဖြူး သူတွေနဲ့ စနစ်တကျ လုံလောက်တဲ့ ကုန်ပစ္စည်း တွေထားရှိပြီး ဖြစ်ပါတယ်။” ဟု GRGI ရဲ့ စီအီးအို ရာဟူးလ်ဂျွန်ကိုလာကိုလ် က ပြောကြားခဲ့ပါတယ်။

GRGI ၏ ၂၆ နှစ်မြောက်အထိမ်းအမှတ် လှူဒါန်းခြင်း (၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့)

Grand Royal Group International (GRGI) က စဉ်ဆက်မပြတ် လုပ်ဆောင်နေသော၊ လူထု အကျိုးပြု အစီစဥ်၏ ကဏ္ဍတစ်ရပ်အနေနှင့်၊ လုပ်ငန်းလည်ပတ်ရာ ရန်ကုန်စက်ရုံနှင့် မန္တလေးစက်ရုံ၊ အနီး ပတ်ဝန်းကျင် တို့တွင် မှီတင်း နေထိုင်ကြသော၊ ဒေသခံ ရပ်မိရပ်ဖများကို အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ပါသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေနှင့် ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုတို့ကြောင့် သန်းပေါင်းများစွာသော မိဘ ပြည်သူတို့၏ လူနေမှုဘဝများစွာကို ထိခိုက်နစ်နာစေခဲ့ပြီးဖြစ်ပါသည်။ GRGI အနေဖြင့်၊ ယခုကဲ့သို့သော လူမှုဘဝ ရိုက်ခတ်မှုများ အပေါ် ကောင်းစွာ သိရှိထားသောကြောင့် လိုအပ်သည့် အကူအညီများကို မိမိတို့တတ်နိုင်သည့်ဖက်က ကူညီ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားလျှက်ရှိပါသည်။ ပရဟိတသည် မိမိတို့ အိမ်အတွင်းကပင် စတင် အကောင်အထည် ဖော်ရသည် ဟု ယုံကြည်ထားကြသည် နှင့်အညီ၊ မိမိတို့နှင့် အနီးကပ် ထိတွေ့နေရသော စီးပွားရေး လုပ်ငန်း လည်ပတ်ရာ လူမှုပတ်ဝန်းကျင်ကို ပထမဦးစားပေး အနေနှင့် ထောက်ပံ့ပေးသွားခြင်း ဖြစ်ပါသည်။

GRGI အနေဖြင့်၊ အိမ်ထောင်စုတစ်စုလျှင် မြန်မာငွေကျပ် တစ်သိန်း တန်ဖိုးရှိသော အခြေခံစားသောက်ကုန် (၁၃) မျိုး ပါဝင်သည့်၊ စားသောက်ကုန်များနှင့် ၂၅ ကီလို အလေးချိန်ရှိ ဆန်အိတ် (၂) အိတ်တို့ကို ရန်ကုန်စက်ရုံ ပတ်ဝန်းကျင်ရှိ အိမ်ထောင်စု (၉၃၂) စု နှင့် မန္တလေးစက်ရုံ ပတ်ဝန်းကျင်ရှိ အိမ်ထောင်စု (၁၂၆) စု တို့အတွက် ထောက်ပံ့လှူဒါန်းသည့်အပြင်၊ ဘုန်း‌တော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့်  အသင်းတော်ကျောင်းများအတွက် ဝတ္ထုငွေကျပ် ဆယ်သိန်းစီ (ရန်ကုန်အတွက် ဘုန်းတော်ကြီး‌ကျောင်း (၁) ကျောင်း၊ အသင်း‌တော် (၁) ကျောင်းနှင့် မန္တလေးအတွက် ဘုန်းတော်ကြီးကျောင်း (၆) ကျောင်း၊ သီလရှင်ကျောင်း (၁) ကျောင်း) တို့အတွက်လည်း ထည့်သွင်း၊ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ဤအလှူဒါန ဖြစ်မြောက်ဖို့အတွက် GRGI ဝန်ထမ်းများနှင့် အခြားသောကုမ္ပဏီက ဝန်ထမ်းများက မ, တည်ငွေကျပ် သိန်း ၃၈၀ ကျော် ပါဝင်ထားကြပြီး၊ ကုမ္ပဏီဖက်ကလည်း အပိုထပ်ဆောင်းထည့်ဝင် ထားပါသည်။ 

၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့တွင် GRGI ဝန်ထမ်းများက စုပေါင်းလုပ်အားပေးကြကာ၊ လှူဖွယ်ပစ္စည်းများကို ဒေသခံမိဘပြည်သူများ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ဤအလှူဒါနသည် ခက်ခဲသည့် အချိန်ကာလအတွင်းမှာ၊ လက်ခံရရှိသော မိဘပြည်သူများ၏ အခက်အခဲများကို တစိတ်တပိုင်း ဖြေရှင်း ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။

GRGI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ၊ Mr. Rahul John Colaco က “GRGI အနေနဲ့၊ လုပ်ငန်းလည်ပတ်လာတဲ့ (၂၆) နှစ်တာသက်တမ်း တစ်လျှောက်မှာ၊ ကျွန်တော်တို့ခံယူထားတဲ့ “တာဝန်ကျေပွန်တဲ့ နိုင်ငံ့သားကောင်းဖြစ်စေရေး” ဆောင်ပုဒ်နဲ့အညီ၊ လူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို အစဥ်တစ်စိုက် အလေးပေး လုပ်‌ဆောင်လျှက်ရှိပါတယ်။ လုပ်ငန်းလည်ပတ်ရာ ရန်ကုန်စက်ရုံနဲ့ မန္တလေးစက်ရုံ အနီးပတ်ဝန်းကျင်က၊ ကျွန်တော်တို့နဲ့ ဆက်နွယ်နေတဲ့သူတွေရဲ့ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူမှုရေးရာကိစ္စရပ်တွေမှာလည်း အခါအားလျော်စွာ၊ လစဥ်၊ အပတ်စဥ် ပုံမှန် ကူညီထောက်ပံ့ပေးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဧပြီလ မှာ ဆိုရင်တော့ ကျွန်တော်တို့တွေက ကုမ္ပဏီရဲ့  (၂၆) နှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ ဒေသခံ မိဘပြည်သူများအတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ လာရောက်လှူဒါန်းကြတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဘုန်တော်ကြီးများ၊ အသင်းတော်ကျောင်းများအတွက် ဝထ္တုငွေကပ်တာတွေအပြင်၊ မှော်ဘီမြို့နယ် သဲကုန်ကျေးရွာအုပ်စုက ပြည်သူလူထုအတွက် အ‌ရေးပေါ်လူနာတင်ယာဥ် နှစ်စီးရပ်နားဖို့အတွက် အဆောက်အဦးတည်ဆောက်ဖို့ရယ်၊ သောက်သုံးရေကန်ဟောင်း ပြန်လည် တူးဖော်နိုင်ရန် တို့အတွက် မ, တည်ငွေ တွေကို လည်း တစ်ပါတည်း ကူညီထောက်ပံ့ပေးဖြစ်ပါတယ်။ ကျွန်တော်တို့ ကောင်းနိုးရာရာ ရွေးချယ်ထုတ်ပိုးထားတဲ့ စားသောက်ကုန်တွေကို လူကြီးမင်းတို့ မိသားစုဝင်များနဲ့အတူတူ တပျော်တပါး သုံးဆောင်ကြပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူကြီးမင်းတို့ရဲ့ အခက်အခဲတွေ၊ လိုအပ်နေတဲ့ အချိန်မှာ အကူအညီ၊ အထောက်အပံ့တွေကို အချိန်မီ ပေးနိုင်ဖို့အတွက် နားစွင့်ထားပါတယ်လို့ GRGI ကိုယ်စား ပြောကြားရင်းနဲ့၊ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာဘေးကင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။”

GRGI သည် မြန်မာပြည်သူများအားလုံး၏ အကျိုးကို မျှော်ကိုးသော မိသားစုကြီးပမာလုပ်ငန်းများကို လုပ်ကိုင် လျှက်ရှိပြီး၊ မိမိတို့နှင့် ဆက်စပ်နေသောလူမှုအသိုက်အဝန်း၏ လူနေမှုဘဝအရေးပါမှုကိုလည်း တန်ဖိုးထားကာ အစဉ် အမြဲ အသိအမှတ် ပြုလျှက်ရှိပါသည်။