နိုင်ငံတော်က ချီးမြှင့်ဂုဏ်ပြုသော ထိပ်တန်းအခွန်ထမ်းကြီးဆုကို (၅) နှစ်ဆက်တိုက် ရယူလျက်၊ Grand Royal Group International က ကုမ္ပဏီ တည်ထောင်ခြင်း (၂၅) နှစ်မြောက် ၊ ငွေရတုနှစ်ပတ်လည်ကို ဆင်နွှဲခဲ့

Grand Royal Group International (GRGI) သည်၊ မြန်မာနိုင်ငံတွင်၊ နာမည်ကျော် ဝီစကီ အမှတ် တံဆိပ်များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင်၊ ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ် ပြည့်၊ ငွေရတုနှစ်ပတ်လည်ကိုဆင်နွှဲခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း ( ၂၅) နှစ်ကြာ၊ အတွေ့အကြုံများကြောင့်၊ မြန်မာ ပြည်တွင်း ယမကာထုတ်လုပ်ခြင်းကဏ္ဍတွင်၊ ဦးဆောင်နိုင်ခြင်းကို အများက အသိအမှတ်ပြုထားခြင်းလည်း လက်ခံရရှိထားသည်။ နိုင်ငံတွင်းတွင်၊ ဆုတံဆိပ်များသာမက၊ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုသော၊ ထိပ်တန်း ဝီစကီအမှတ်တံဆိပ်များတွင်၊  အကောင်းဆုံးဝီစကီ အတွင်းတွင်ပါဝင်ခဲ့သည်။

GRGI ၏ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က၊ ကုမ္ပဏီ (၂၅) နှစ်ပြည့်အထိမ်းအမှတ်နဲ့အတူ၊ အခါ အခွင့်ကြုံခိုက်၊ ကျွန်တော်တို့၏ အမှုဆောင်အရာရှိအသစ်ဖြစ်သူ၊ Mr. Rahul Colaco ကို ကြိုဆိုပါတယ်၊ ကျွန်တော်တို့ GRGI အနေနဲ့ တာဝန်ကျေပွန်တဲ့ နိုင်ငံ့သားကောင်းကုမ္ပဏီအဖြစ်၊ နိုင်ငံတော်ကို အခွန်အခ တွေ ပေးဆောင်ခဲ့တာ၊ အခုဆိုရင် အများဆုံးအခွန်ထမ်းဆောင်သူ စာရင်းမှာပါဝင်လို့၊ နိုင်ငံတော်သမ္မတကြီး ကနေ၊ ဂုဏ်ပြုတဲ့ ဆုတွေကို ချီးမြှင့်တာ (၅) နှစ်တာဆက်တိုက်ရှိပါပြီ။ ကျွန်တော်တို့ အနေနဲ့နိုင်ငံတော်နဲ့ အများ ပြည်သူအတွက်၊ အခွန်အခတွေကနေရတဲ့ ဘဏ္ဍာငွေဟာ အင်မတန်အရေးပါမှန်း သိရှိနားလည်ထားတဲ့ အတွက်၊ ကျွန်တော်တို့ ထမ်းဆောင်ရမယ့်၊ အခွန်အခတွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့၊ အထူး အလေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ (၂၀၁၈-၂၀၁၉) စည်းကြပ်ဘဏ္ဍာနှစ်မှာ၊ စုစုပေါင်း (၁၁၃.၉) ဘီလီယံကျပ်ငွေ၊ အခွန်ထမ်း ဆောင်ထားပါတယ်။ဟုဆိုသည်။

အမှုဆောင်အရာရှိချုပ်ဖြစ်သူ၊ Mr. Rahul Colaco က အခု ၂၀၂၁ ခုနှစ်မှာ၊ ထုတ်ကုန်တွေ ပိုမိုတိုး တက်ဖို့၊ သုတေသနတွေ၊ အရည်အသွေးထိန်းသိမ်းတာတွေ၊ လူမှုအသိုင်းအဝန်းတွေကို စောင့်ရှောက်တဲ့ အစီအစဥ်တွေအတွက် ရာထားပြီး ဖြစ်ပါတယ်။ ယခုထက်ထိ၊ ကျွန်တော်တို့ အသုံးပြုတဲ့ ကုန်ကြမ်းဆန်ကွဲ တန်ချိန်ပေါင်းများစွာကို ပြည်တွင်းက တောင်သူတွေဆီကနေ၊ ဝယ်ယူအားပေးတဲ့အတွက်၊ ပြည်တွင်းက တောင်သူတွေအတွက်၊ မြန်မာကျပ်ငွေ ဘီလီယံနဲ့ချီပြီး ဝင်ငွေတွေရအောင် ဆောင်ရွက်နေပါတယ်။ဟုဆို သည်။

ကုမ္ပဏီ၏ ဆောင်ပုဒ်ဖြစ်သည့်” နိုင်ငံ့သားကောင်းကုမ္ပဏီဖြစ်တည်ရေး” နှင့်အညီ၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီ နဲ့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနများ၏ လမ်းညွှန်မှုများ ခံယူခဲ့ပြီး၊ ပထမလှိုင်းစတင်ကတည်းက၊ လူထုအ ထောက်အပံ့အဖြစ်၊ မြန်မာကျပ်ငွေသိန်း (၅,၀၀၀) တန်ဖိုးရှိသော၊ လက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) ကို နိုင်ငံတဝန်းမှာရှိ၊ ဆေးရုံများ၊ ကွာရန်တင်းစင်တာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ နှင့်ပရဟိတအဖွဲ့အစည်းများကို လှူဒါန်းခဲ့သည်။ ထို့အပြင်၊ အခြေခံလူမှုအသိုင်းအဝန်းများအတွက်၊ အဓိက လိုအပ်သော၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ ဆန် နှင့် ဆီ အခြေခံစားသောက်ကုန်များကိုလည်း၊ ထောက်ပံ့လှူ ဒါန်းထားသည်။ မကြာသေးမီကပင်၊ ကုမ္ပဏီအနေနှင့် ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ်မြောက်၊ ငွေရတုအ ထိမ်းအမှတ်အနေနှင့်၊ မြန်မာကျပ်ငွေသိန်း (၂,၀၀၀) တိတိကို၊ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီ သို့  UMFCCI အသင်းကြီးမှတဆင့် လှူဒါန်းထားပြီး၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် “STOP COVID-19 Yellow Campaign” လှုပ်ရှားမှုတွင်၊  New Normal နှင့်အညီ လုပ်ငန်းဆက်လက်လည်ပတ်ရေးအား ရှေးရှူ၍ ပူး ပေါင်းပါဝင်ခဲ့သည်။

ပြည်ပထိုင်းနိုင်ငံတွင်၊ ‌ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ မြန်မာပြည်သူအများ၊ GRGI ၏ ဒါရိုက် တာနှင့်အဓိက၊  ရင်းနှီးမြှပ်နှံသူ၊ အစုရှယ်ယာဝင် အပြည်ပြည်ဆိုင်ရာကုမ္ပဏီ ဖြစ်သည့် Thai Beverage Public Company Limited မှ အမှုဆောင်အရာရှိချုပ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Polapatr Suvarnazorn က ဦးဆောင်ပြီး၊ COVID-19 တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ ဖြစ်သည့်၊ နှာခေါင်းစည်း အရေအတွက် စုစုပေါင်း (၂၀,၀၀၀) ခု၊ အရက်ပျံပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်သော၊ အရက်ပျံ (၁၀၀) လီတာနှင့် လက်သန့် ဆေးရည်ဂျဲလ်ဘူး (၂၀) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ၊ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံး၌၊ သံအမတ်ကြီး ဦးမျိုးမြင့်သိန်းထံသို့၊ မကြာသေးမီက လှူဒါန်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်ကုန်၊ ကိန်းဂဏန်းများအရ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းများရှိ၊ ကျေးရွာပေါင်း (၁၃၁) ရွာရှိ၊ အိမ်ခြေပေါင်း (၁၂,၃၇၉) အိမ်ခြေမှ အများ ပြည်သူပေါင်း (၇၃,၃၃၄) ဦးအတွက်၊ သောက်သုံးရေကြည်ရေသန့်များရရှိရန်၊ ရေတွင်းများ၊ ရေပိုက်လိုင်း များ၊ တိုင်ကီများ တည်ဆောက် တပ်ဆင်ပေးကာ၊ ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့သည်။

Job Net Myanmar Co., Ltd က ကြီးမှူးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် မြန်မာနိုင်ငံတွင်အလုပ် လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ (Best Companies to Work in Myanmar 2020, BCIM) ဆု လုပ်ငန်းရှင်များ၏ထူးချွန်မှုအပေါ်ဂုဏ်ပြု အသိအမှတ်ပြုသည့် Myanmar Employer Awards 2020 အခမ်းအနား၌အလုံးစုံကဏ္ဍတွင်၊ အကောင်းတကာ့အကောင်းဆုံး ပြည်တွင်းအဖွဲ့အစည်းအဖြစ်ဆုအပြင်၊ အခြားသော ဆုအမျိုးအစား (၅) ဆုဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည်။

-ပြီး-

GRGI Corporate profile

About Grand Royal Group International Co.,Ltd
Grand Royal Group International was founded in 1995 and with its relentless emphasis on quality driven by its founders. We have earned a reputation of quality among consumers and a leading position in the alcoholic beverage market with the Grand Royal Brand. Grand Royal Group International has taken market leadership positions in various segments in the market with its portfolio of International Award-Winning Brands.
Grand Royal Group International is committed to high standards of Corporate Governance that aims to balance the interests of all stakeholders. We are committed to being credible and responsible Corporate Citizen, sensitive to the needs of the environment and contributing to the development of the economy of Myanmar. It is the first and so far, the only distillery in Myanmar to have qualified for the ISO 14001:2004 Environment Management System Audit.
Grand Royal Group International has 1,500 employees who are offered opportunities of growth by exposing them to the latest in professional business practices and ERP systems. We are also striving to continually live up to expectations of consumers by offering them high quality products through our modern manufacturing units in Yangon and Mandalay that observe accredited Quality Management Systems. Grand Royal Group International won the Dream Employer of The Year 2017, the Best Employer of The Year 2017 and the Dream Employer of The Year 2019 award presented by the World Human Resources Development Congress. The Great Place To Work Institute which is an American based organization has certified the Grand Royal Group International as “A Great Workplace”. Grand Royal Group International is the first local Myanmar Company to be given this title.
grgidemo.koneloneshin.com

Grand Royal Group International Co.,Ltd ၏အကြောင်း
Grand Royal Group International ကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ကုမ္ပဏီသည် တည်ထောင်ခဲ့ သူ လူကြီးမင်းများ၏ အရည်အသွေးအပေါ် မဆုတ်မနစ်အလေးအနက်ထားမှုနှင့်အတူ စားသုံးသူများအကြား အရည်အသွေးကောင်းမွန်မှု ဂုဏ်သတင်းကိုရရှိခဲ့ပြီး Grand Royal အမှတ်တံဆိပ်ဖြင့် ယမကာဈေးကွက်တွင် ထိပ်တန်းနေရာတစ်နေရာကို ပိုင်ဆိုင်ထားသည်။ Grand Royal Group International သည် ၂၀၁၆ ခုနှစ်တွင် Monde World Quality Selections Awards ဆုပေးပွဲတွင် Double Gold Brand အတွက် Grand Gold ဆုကြီးရရှိမှု အပါအဝင် နိုင်ငံတကာဆုတံဆိပ်များရရှိသော အမှတ်တံဆိပ်ဖြင့် ဈေးကွက်ဦးဆောင်မှုကို ရရှိထား သည်။
Grand Royal Group International အနေဖြင့် ထိပ်တန်းကော်ပိုးရိတ်စီမံအုပ်ချုပ်မှုစနစ်ကို အထူးဂရုပြုလျှက် ရှိပြီး ၎င်း၏ရည်ရွယ်ချက်မှာလည်း မိမိတို့နှင့် သက်ဆိုင်သောသူများ၏ အကျိုးစီးပွားကို ဟန်ချက်ညီစေရန် လည်းဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် နိုင်ငံသားကောင်းပီသစေရန်လည်း အစဉ်အမြဲကြိုးစားလျှက်ရှိပြီး စီးပွားရေးလိုအပ်ချက်အရ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မှု (Environmental Management System 14001:2004) ကိုလည်း မြန်မာနိုင်ငံယမကာထုတ်လုပ်သည့် လုပ်ငန်းလောကတွင် ပထမဦးဆုံးအနေဖြင့် ရရှိ ထားပြီးဖြစ်သည်။
Grand Royal Group International အနေဖြင့် ဝန်ထမ်းပေါင်း ၁,၅၀၀ ခန့် အလုပ်အကိုင်များကို နောက်ဆုံးပေါ် စီးပွားရေးအတတ်ပညာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖန်တီးပေးထားလျှက်ရှိပြီး ERP စနစ် အသုံးပြုခြင်းဖြင့် စားသုံးသူတို့၏ မျှော်လင့်ချက်ဖြစ်သော အရည်အသွေးမြင့် ထုတ်ကုန်များကိုလည်း ခေတ်မှီနည်းစနစ်များ အသုံးပြုလျှက် ကျွန်တော်တို့၏ ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်ရုံများတွင် အစဉ်အမြဲထုတ်လုပ်လျှက်ရှိပါသည်။ ထို့အပြင် ကမ္ဘာ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ညီလာခံမှ ပေးအပ်ချီးမြှင့်သော Dream Employer of The Year 2017 ၊ Best Employer of the Year 2017 နှင့် Dream Employer of The Year 2019 စသည့် အကောင်းဆုံး လုပ်ငန်းရှင်/ပညာရှင်ထူးချွန်ဆုများကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော Great Place To Work Institute မှ ၂၀၁၉ – ၂၀၂၀ ခုနှစ်၏ အကောင်းဆုံးလုပ်ငန်းခွင် “A Great Workplace” ကို ပထမဆုံးမြန်မာကုမ္ပဏီအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပြီးလည်းဖြစ်ပါသည်။
grgidemo.koneloneshin.com

Grand Royal Group International ကုမ္ပဏီ အစုအဖွဲ့က ကျပ်သိန်း (၂,၀၀၀) အား ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် လှူဒါန်းကြောင်းကြေညာ၍ “STOP COVID-19 YELLOW CAMPAIGN”လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်

Grand Royal Group International (GRGI) သည်၊ မြန်မာနိုင်ငံတွင်၊ နာမည်ကျော် ဝီစကီ အမှတ်တံဆိပ်များကို ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင်၊ ကုမ္ပဏီ တည် ထောင်ခြင်း (၂၅) နှစ်ပြည့်၊ ငွေရတုနှစ်ပတ်လည်ကို ဆင်နွှဲခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း (၂၅) နှစ်ကြာ၊ အ တွေ့အကြုံများကြောင့်၊ မြန်မာပြည်တွင်းယမကာထုတ်လုပ်ခြင်းကဏ္ဍတွင် ဦးဆောင်နိုင်ခြင်းကို အ များအသိအမှတ်ပြုထားခြင်းလည်းခံရသည်။ နိုင်ငံတွင်းမှာဆုတံဆိပ်များသာမက၊ အပြည်ပြည်ဆိုင် ရာက အသိအမှတ်ပြုသော၊ ထိတ်တန်း ဝီစကီအမှတ်တံဆိပ်များတွင်၊ အကောင်းဆုံး ဝီစကီ (၂၀) အတွင်းတွင်ပါဝင်ခဲ့သည်။

Grand Royal Group International (GRGI) ကုမ္ပဏီအနေနှင့် ကုမ္ပဏီတည်ထောင်ခြင်း (၂၅) နှစ်မြောက်၊ ငွေရတုအထိမ်းအမှတ်၊ အနေနှင့်၊ မြန်မာကျပ်ငွေ သိန်း (၂,၀၀၀) တိတိကို၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ သို့ UMFCCI အသင်းကြီးမှတဆင့်လှူဒါန်းထားပြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် “STOP COVID-19 Yellow Campaign” လှုပ်ရှား မှုတွင် ဂုဏ်ယူ ဝမ်းမြောက်စွာပူးပေါင်းပါဝင်လိုက်သည်။ “ကျွန်တော်တို့ ကိုဗစ်ကာကွယ်ဆေး လှူ ဒါန်းတဲ့ ရန်ပုံငွေတွေဟာ ဝန်ထမ်းတစ်ဦးတစ်ချင်းစီက ၊ အားတက်သရောလှူဒါန်းထားတဲ့ အလှူဒါန ဖြစ်ပြီး၊ စုစုပေါင်းပမာဏပေါ်မှာမှ ကုမ္ပဏီဖက်က ထပ်မံအားဖြည့်လှူဒါန်းထားတဲ့ အလှူပမာဏဖြစ် ပါတယ်။ ဒီစုပေါင်းအလှူဒါနအတွက်၊ ကျွန်တော်တို့ဝန်ထမ်းတွေရော၊ အုပ်ချုပ်မှုပိုင်းအတွက်ပါ အ ထူးဝမ်း‌မြောက်ဂုဏ်ယူရပါတယ်။” ဟုကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ GRGI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Rahul Colaco ကပြောကြားသည်။

GRGI ၏ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်က၊ “အခုလို၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ၊တစ်ဦး ကိုတစ်ဦး သတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခွင့်ရတဲ့အတွက်ရော၊ ကျွန်တော်တို့ကုမ္ပဏီ (၂၅) မြောက်၊ ငွေရတု အထိမ်းအမှတ်အဖြစ် ၊ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့အလှူဒါနကို တင်ပြခွင့် ရတဲ့အတွက်၊ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်း‌‌‌ဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန် တိုင်းကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာ ဦးထွန်းမြင့်နဲ့ တာဝန်ရှိ သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ STOP COVID-19 Yellow Campaign၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ တစ်ဦးကိုတစ်ဦးသတိပေးရေး၊ အဝါရောင်လှုပ်ရှားမှုဟာ၊ ကျွန်တော်တို့လို နိုင်ငံ တော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်းက စီးပွား‌ရေးတွေ အနေနဲ့၊ တထောင့်တနေရာကနေပြီး၊ New Normalနဲ့ အတူတူ ကုန်ထုတ်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ အင်မတန်အထောက် အကူ ဖြစ်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးကြောင့်၊ အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးသူ အပေါင်း (၃,၀၀၀) ခန့် နဲ့ ရောဂါကူးဆက်ခံရသူဦးရေ (၁၃၅,၀၀၀) ခန့်ရှိနေလို့၊ မဖေါ်ပြနိုင်လောက် အောင်စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကမ္ဘာနဲ့ယှဥ်ကြည့်ရင်တော့၊ ကမ္ဘာနဲ့အဝန်း အသက်ဆုံးရှုံးသူ ပေါင်း (၂) သန်းကျော်နဲ့ ၊ ရောဂါကူးစက်ခံရသူဦးရေ သန်း (၉၀) ကျော်ရှိလို့၊ ကျွန်တော်တို့ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အချိန်မီကြိုးပမ်းကာကွယ်၊ ထိန်းချုပ်ထားကြတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်။သို့ပါသော်လည်း၊ ကျွန်တော်တို့ ပြည်တွင်းမှာ စီးပွားရေးအခက်အခဲများစွာနဲ့ ရင် ဆိုင်ကြုံတွေ့နေကြရပြီး၊ လူသန်းပေါင်းများစွာကို အကျိုးသက်ရောက်နေပါတယ်။ ဒါကြောင့် စာနာ ထောက်ထားသောအားဖြင့်၊ ကျွန်တော်တို့တတ်အားသ၍ လှူဒါန်းတာတွေဟာလည်း၊ ဒီ ရောဂါပိုးကို တိုက်ဖျက်နိုင်ဖို့အတွက် အများပြည်သူကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟုဆိုသည်။

တဖန်၊“GRGI ဟာ၊ လူမှုအသိုင်းအဝန်းရဲ့ အကျိုးကျေးဇူးကို အမြဲရှေ့တန်းတင်ထား ပါ တယ်။ ဒီကာလမှာ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း၊ အရှိန်အဟုန်မြှင့်တင်ပြီး၊ ကြိုးပမ်းဆောင်ရွက်ထားပါတယ်။ တိုင်းပြည်တွင်းမှာ ၊ စီးပွားရေးနဲ့လူမှုရေး ကောင်းကျိုးတွေ အ တွက်၊နှစ်ပေါင်းများစွာ တည်ဆောက်ထားပြီးသားတွေဟာလည်း အင်မတန် များပြားပြီးဖြစ်ပေမယ့်၊ လက်တွဲပူးပေါင်းမှုတွေ၊ ပံ့ပိုးမှုတွေကို ယခင်ကထက်ပိုမိုဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထား ပါတယ်။” ဟု အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Colaco ကိုထပ်‌လောင်း ပြောကြားသည်။

GRGI အနေနဲ့ တနှစ်ပတ်လုံးမှာ အလှူဒါနများ ဆောင်ရွက်နိုင်ပြီး၊ အများပြည်သူနဲ့ တသား တည်းရှိနေသည့် အတွက်ဂုဏ်ယူလျက်ရှိသည်။ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်ခံရသော လူမှု အသိုင်းအဝန်းများကို ရည်ရွယ်၍ လှူဒါန်းမှုများ ဆက်တိုက်ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ အတွက်၊ ရှေ့ဆောင်လမ်းပြဖြစ်မည်ဟုမျှော်လင့်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခြင်းသည်လည်း၊ ဆက်စပ်လျက်ရှိသော၊ စီးပွားဖက်များ၊ စားသုံးသူများ၊ စီးပွားရေး ကဏ္ဍအတွင်းမှ လူမှုအသိုင်းအဝန်းများ၏ အားဖြည့်မှုများကြောင့်ဟု ယုံကြည်သည်။ စီးပွားရေး နှင့် လူမှုရေး ဂေဟစနစ်သည်၊ တစ်ခုစီသီးခြားရပ်တည်၍ မရနိုင်ပေ၊ စီးပွားရေး ကုမ္ပဏီများ၏ ဆောင် ရွက်ချက်များသည်၊ အမျိုးမျိုးသောလူမှုအသိုင်းအဝန်းများကို အကျိုးသက် ရောက်မှုများရှိ သည်ဟု ကုမ္ပဏီ ကယုံကြည်သည်။ သို့ပါ၍၊ GRGI ၏ လူမှုအသိုင်းအဝန်းများ၊ စားသုံးသူများ နှင့် ပါဝင် ပတ်သက်နေသူများ အားလုံးနှင့် ဆောင်ရွက်သော၊ အကျိုးပြုလုပ်ငန်းများ အားလုံးသည်၊ “နိုင်ငံ့သား ကောင်းစီးပွားရေးလုပ်ငန်း” အဖြစ်ရပ်တည်ရေးကို အစဥ်းအမြဲဦးတည်လျက်ရှိသည်။

ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ ၏ လမ်းညွှန်မှုနှင့် ကိုဗစ်-၁၉ ရောဂါဝေဒနာ၊ အပြင်းအထန်ခံစားရသူ လူနာအယောက် (၁၀၀) အား ကုသရန် ၊ အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သော COVIFOR ရမ်ဒီစီဗာ ထိုးဆေးအလုံးရည်ပေါင်း (၆၀၀) ကိုလည်း ၊ ဆေးသုတေသနဦးစီးဌာနသို့သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင်၊ အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများ၏လမ်းညွှန်မှုအားခံယူလျက်၊ ပထမ လှိုင်း စတင်ကတည်းကပင်၊ လူထုအထောက်အပံ့အဖြစ်၊ မြန်မာကျပ်ငွေသိန်း (၅) ထောင်တန်ဖိုးရှိ သော၊ နိုင်ငံ့သားကောင်းလက်သန့်ဆေးရည်ဗူးပေါင်း (၂၀၀,၀၀၀) ကို နိုင်ငံတဝန်းရှိ၊ ဆေးရုံများ၊ ကွာရန်တင်းစင်တာများ၊ ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများ၊ ပရဟိတအဖွဲ့ အစည်းများ ကို လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းမှုအစုစုသည်၊ တတ်အားသ၍ လှူဒါန်းခြင်းဖြစ်သဖြင့်၊ ပမာဏအားဖြင့် များပြား သည်ဟု မဆိုနိုင်သော်လည်း၊ မိမိတို့ အများပြည်သူလိုအပ်နေသော အချိန်တွင်၊ ပံ့ပိုးရန်အတွက် အသင့်ရှိ ကြောင်းကတိကဝတ်ကို သက်သေထူလိုက်ခြင်းဖြစ်သည်။ GRGI နှင့် ၎င်း၏ဝန်ထမ်းများ အားလုံးသည်၊ ယခုကဲ့သို့ အထူးလိုအပ်သောအချိန်များတွင်၊ တစ်ဦးကိုယ်တစ်ဦး အမြဲကူညီရန် ယုံ ကြည်လျက် မြန်မာ့လူမှုအသိုင်းအဝန်း၏ တစိတ်တဒေသအဖြစ် ဂုဏ်ယူလျက်ရှိသည်။

ကုမ္ပဏီအနေနှင့်ပြည်တွင်း၌ ရှိသော လူမှုအသိုင်းအဝန်းတွင်မကပဲ, ပြည်ပထိုင်းနိုင်ငံတွင်၊ ‌ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော၊ မြန်မာပြည်သူအများ၊ COVID-19 ကာကွယ်‌နိုင်ရေးတွင်၊ အသုံးပြုရန်ရည်ရွယ်၍၊ GRGI ၏ ဒါရိုက်တာနှင့် အဓိက၊ ရင်းနှီးမြှပ်နှံ့သူ၊ အစုရှယ်ဝင် အပြည် ပြည် ဆိုင်ရာကုမ္ပဏ ဖြစ်သည့် Thai Beverage Public Company Limited မှ အမှုဆောင်အရာရှိချုပ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr Polapatr Suvarnazorn ကဦးဆောင်ပြီး၊ COVID-19 တစ်ကိုယ်ရေ သုံးအကာအကွယ်ပစ္စည်းများဖြစ်သည့်၊ နှာခေါင်းစည်းအရေအတွက်စုစုပေါင်း (၂၀,၀၀၀) ခု၊ အ ရက်ပျံ ပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်သော၊ အရက်ပျံ (၁၀၀) လီတာ နှင့် လက်သန့်ဆေးရည်ဂျဲလ်ဘူး (၂၀) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ၊ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံသံရုံး၌၊ အသံအမတ်ကြီး ဦးမျိုးမြင့်သိန်း ထံသို့၊ ယခုလ (၁၅) ရက်နေ့ကပေးပို့လှူဒါန်းခဲ့သည်။
ယင်းသည်၊ မြန်မာလူထုကို ခက်ခဲသော အချိန်များတွင်၊ လက်တွဲဖော်အဖြစ် အတူရှိနေမည် ဖြစ်ကြောင်း ကတိကဝတ်ကို သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။

ပူးတွဲပါ။
၁။GRGI ကုမ္ပဏီ အစုအဖွဲ့အကြောင်း
၂။ တွဲဖက်ဥက္ကဌ၊ ဦးအောင်မိုးကျော်၏ ဓါတ်ပုံ
၃။ အမှုဆောင်အရာရှိချုပ်၊ Rahul Colaco ၏ ဓါတ်ပုံ
၄။ကုမ္ပဏီမကြာသေးခင်က လှူဒါန်းမှုများ
၅။ ThaiBev ၏ လှူဒါန်းခြင်း
၆။ ကုမ္ပဏီအနေနှင့် ရရှိထားသော ဆုများ

Tax Appreciation for 2018-2019 Assessment Year

The Government of the Republic of the Union of Myanmar honoured the top taxpayers of the country for 2018-2019 tax year on 10 Aug 2020. The president, His Excellency U Win Myint attended the ceremony held at the Presidential Palace in Naypyidaw and presented awards to the outstanding taxpayers for income tax, commercial tax, and specific goods tax.
U Aung Moe Kyaw (Co-Chairman of Grand Royal Group International Co.,Ltd) and Daw Mya Pwint Phyu (Alternate Director of Grand Royal Group International Co., Ltd) accepted honorable certificates at the ceremony.
Grand Royal Group International Co., Ltd was honored by the president as follow;
1. No 3 in Specific Goods Taxpayer
2. No 6 in Commercial Taxpayer
As International Beverages Trading Co., Ltd (IBTC), the member of GRGI;
3. No 3 in Commercial Taxpayer
4. No 5 in Income Taxpayer.
Grand Royal Group International Co.,Ltd is very proud to be recognized every Assessment Year as No 1 to 5 the highest top taxpayer in Myanmar and as a responsible group of companies in line with our corporate motto ‘Being A Good Corporate Citizen’.

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ်အတွက် နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေကျပ် (၁၁၁.၄) ဘီလီယံ ပေးဆောင်ခဲ့သော Grand Royal Group International ကုမ္ပဏီစုအား နိုင်ငံတော်သမ္မတကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဂုဏ်ပြုချီးမြှင့် (သြဂုတ်လ၊ ၁၀ ရက် ၂၀၂၀ ခုနှစ်)

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ်အတွက် နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေကျပ် (၁၁၁.၄) ဘီလီယံ ပေးဆောင်ခဲ့သော Grand Royal Group International ကုမ္ပဏီစုအား နိုင်ငံတော်သမ္မတကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဂုဏ်ပြုချီးမြှင့် (သြဂုတ်လ၊ ၁၀ ရက် ၂၀၂၀ ခုနှစ်)

(၂၀၁၈ – ၂၀၁၉) စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း၊ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ၊ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဦးအောင်မိုးကျော် (Co-Chairman of Grand Royal Group International Co.,Ltd) နှင့်အတူ ‌ဒေါ်မြပွင့်ဖြူ ( Alternate Director of Grand Royal Group International Co., Ltd) တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို တက်ရောက်လက်ခံရယူခဲ့ကြပါသည်။

အဆင့်အလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ရာတွင် မိမိတို့၏ Grand Royal Group International Co.,Ltd (ပုဂ္ဂလိက-နိုင်ငံခြားကုမ္ပဏီ) သည်

၁) အထူးကုန်စည်ခွန်တွင် အဆင့်နံပါတ် (၃)၊

၂) ကုန်သွယ်လုပ်ငန်းခွန်တွင် အဆင့်နံပါတ် (၅) နှင့်

GRGI ၏ ကုမ္ပဏီစုဝင်ဖြစ်သော International Beverages Trading Co., Ltd (ပုဂ္ဂလိက-မြန်မာကုမ္ပဏီ) သည်

၃) ဝင်ငွေခွန်တွင် အဆင့်နံပါတ် (၄)၊

၄) ကုန်သွယ်လုပ်ငန်းခွန်တွင် အဆင့်နံပါတ် (၆) စသဖြင့် အသီးသီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။

နှစ်စဥ်နှစ်တိုင်း အဆင့်နံပါတ် (၁) မှ (၅) အတွင်း ဂုဏ်ပြုချီးမြှင့်ခံရမှုအပေါ် မိမိတို့၏ Grand Royal Group International Co.,Ltd က အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။ မိမိတို့၏ဆောင်ပုဒ်ဖြစ်သည့် တာဝန်ကျေပွန်သော နိုင်ငံ့သားကောင်းဖြစ်ရေး (Being A Good Corporate Citizen) ဆိုသည့်အတိုင်း အောင်မြင်စေရန် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Tax Appreciation 2020

Grand Royal Group International ကုမ္ပဏီလီမိတက်သည် တရားမျှတသော ယှဥ်ပြိုင်မှုမှတဆင့် နိုင်ငံခြားအရက်များတင်သွင်းခြင်းမူဝါဒ အားကြိုဆို

Grand Royal Group International ကုမ္ပဏီလီမိတက်သည် (GRGI) သည်၊ လူကြိုက်များ၍ ထင်ရှားသော ဝီစကီအမှတ်တံဆိပ်အများအပြားနှင့် မြန်မာနိုင်ငံယမကာဈေးကွက်ကို ဦးဆောင်လျက်ရှိ သော ကုမ္ပဏီအစုအဖွဲ့ကြီးဖြစ်သည်။ ဈေးကွက်အတွင်းတွင် အောင်မြင်စွာရပ်တည်လာသည်မှာ နှစ်ပေါင်း (၂၅) နှစ်တိုင်ပြီဖြစ်သည်။ ၂၀၂၀ခုနှစ်၊ မေလ (၂၅) ရက်တွင်၊ နိုင်ငံတော်အစိုးက ထုတ်ပြန်သော၊ နိုင်ငံခြားမှအရက်များတင်သွင်းခွင့်အား ဖြေလျော့သည့်မူဝါဒကို၊ ကုမ္ပဏီအစုအဖွဲ့အနေနှင့် အပြည့်အဝ‌ ထောက်ခံပါကြောင်း ကြေညာလိုက်သည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံဈေးကွက်အတွင်း၊ နိုင်ငံခြားအရက်များတင်သွင်းခြင်းအား ဖြေလျှော့သည့် မူဝါဒ နှင့်ပတ်သက်၍၊ GRGI ၏ တွဲဖက်ဥက္ကဌဖြစ်သူ ဦးအောင်မိုးကျော်က၊ “ဒီဖြေလျှော့မှုနဲ့ ပတ်သက်ပြီး၊ အကျိုးသက်ရောက်မှုရှိနေတဲ့ ကုမ္ပဏီအစုအဖွဲ့ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့အနေနဲ့၊ တိုင်းပြည်အတွက် ရော၊ နိုင်ငံသူနိုင်ငံသား မိဘပြည်သူတွေအတွက်ရော အကျိုးရှိစေပြီး၊ ယှဥ်ပြိုင်မှုကတဆင့် ရွေးချယ် စရာတွေ၊ တီထွင်စမ်းသစ်နိုင်တာတွေကို ဖေါ်ဆောင်ပေးမယ့် မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အထူးကြိုဆိုပါတယ်။ စားသုံးသူအတွက် ကျန်းမာရေးကဏ္ဍရော၊ တိုင်းပြည်အတွက် မျှတပြီး ရသင့်ရထိုက်တဲ့ အခွန်အကောက်တွေ ကောက်ခံနိုင်ဖို့ရော ရည်ရွယ်ပြီး၊ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို သေသေချာချာလိုက်နာပြီး၊ ဈေးကွက်အတွင်းမှာ တရားမျှတတဲ့ ကုန်သွယ်မှု မူဝါဒတွေရှိမှသာ၊ စားသုံးသူတွေအတွက် ရွေးချယ်စရာတွေ၊ တီထွင်စမ်းသစ်တာတွေကို ဖေါ်ဆောင် ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ထုတ်ကုန်တွေအတွက် နည်းဥပဒေတွေ၊ အခွန်နှုန်း ထားတွေ၊ တံဆိပ်ရိုက်နှိပ်တာတွေ၊ ကုန်ထုတ်လုပ်ပုံ အဆင့်ဆင့်ခြေရာခံနိုင်တာတွေ အားလုံးဟာ၊ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး၊ အာဆီယံနိုင်ငံများမှာ စနစ်တကျကျင့်သုံးနေတဲ့ စည်းကမ်းချက်တွေ၊ မူဘောင်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ စံချိန်စံနှုန်းတွေအတိုင်း၊ တသတ်မတ်တည်းဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ GRGI ကုမ္ပဏီအစုအဖွဲ့အနေနဲ့ စျေးကွက် ယှဥ်ပြိုင်မှုကို ကြိုဆိုပြီး၊ စားသုံးသူတွေနဲ့ လက်လီလက်ကားရောင်းချသူတွေအတွက်၊ ထုတ်ကုန်အသစ်တွေ တီထွင်စမ်းသစ်နိုင်ဖို့၊ ဒီထက်မက ကြိုးပမ်းသွားမှာြဖစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားမျှတတဲ့စျေးကွက် စီးပွားရေးစနစ်ရှိနေဖို့ပဲ မျှော်လင့်ပါတယ်။” ဟုဆို သည်။

“GRGI ဟာ နှစ်စဥ်နှစ်တိုင်း၊ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ အများဆုံးပေးဆောင်တဲ့ နိုင်ငံ့သား ကောင်း အခွန်ထမ်း ကုမ္ပဏီတွေထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ နိုင်ငံတော် သမ္မတကြီးက ထိုက်ထိုက်တန်တန်ချီးမြှင့်တဲ့ အခွန်ထမ်းဆုတွေကို ရရှိလာခဲ့တာ (၅) နှစ်ဆက်တိုက်ရှိပါပြီ။ နိုင်ငံတော် အစိုးရအတွက် အင်မတန်မှ အရေးကြီးတဲ့ အခွန်ဘဏ္ဍာဖြစ်တဲ့ အခွန်အကောက်တွေကို တိကျသေချာစွာ လိုက်နာပြီး ပေးဆောင်နိုင်ဖို့၊ ကျွန်တော်တို့ အင်မတန်အလေးအနက်ထားပါတယ်။ တာဝန်သိ၊ နိုင်ငံ့သားကောင်း ကုမ္ပဏီအစုအဖွဲ့ဖြစ်တဲ့အတွက်၊ ယမကာထုတ်ကုန်တွေအတွက် ရိုးရှင်းပြီး၊ ထိရောက် တဲ့၊ အားလုံးတပြေးညီတည်းပါဝင်နိုင်ပြီး တရားမျှတတဲ့ အခွန်စည်းကြပ်နည်းတွေကို အားပေး ထောက်ခံပါတယ်။” ဟု ဦးအောင်မိုးကျော် က ဆက်လက်ပြောကြားသည်။

Grand Royal Group International ကုမ္ပဏီလီမိတက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ၊ Mr. Sanjay Gupta က “ကျွန်တော်တို့ ကုမ္ပဏီအစုအဖွဲ့ဟာ၊ နှစ်ပေါင်း (၂၅) နှစ်တိုင် ဈေးကွက်အတွင်းမှာ၊ အတွင်း အပြင်၊ စိန်ခေါ်မူပေါင်းများစွာနဲ့ ကြံ့ကြံ့ခံရပ်တည်လာခဲ့ပါတယ်။ ဈေးကွက်ထဲမှာ ဒီလိုအတွေ့အကြုံတွေ ရှိလို့ ပိုမိုခိုင်မာပြီး၊ ဖွံ့ဖြိုးတိုးတက် လာခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ စားသုံးသူတွေကို အမြဲ ဦးစားပေးနိုင်ဖို့အတွက်၊ အကောင်းဆုံးဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ ရည် မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ‌‌‌ဂေဟစနစ်တစ်ခုလုံးဟာ၊ တသီးတခြား တည်ရှိနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဆောင်ရွက်သမျှဟာ၊ တစ်နည်းမဟုတ် တစ်နည်း အလွှာအမျိုးမျိုးကို ထိရောက်မှုတွေရှိနေပါတယ်။ ကဏ္ဍအားလုံး စပ်ဆက်နေတာကြောင့်၊ ကျွန်တော်တို့ GRGI အနေနဲ့ လူမူအသိုင်းအဝန်းတစ်ခုလုံးကို ကောင်းကျိုးပြုတာတွေပဲ ဆောင်ရွက်နေပါ တယ်။” ဟုဆိုသည်။

၎င်းက ဆက်လက်၍ ”ယှဥ်ပြိုင်မှုတွေ ရှိလာတာဟာ ကျွန်တော်တို့ ကုန်အမှတ်တံဆိပ်တွေ ဒီထက်ပိုပြီး ကောင်းမွန်တိုးတက်ဖို့အတွက်၊ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ထုတ် ကုန်တွေကို အရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့၊ စမ်းစစ်လေ့လာဖို့၊ ကောင်းမွန်တဲ့ အရည်အသွေး
တွေကို ထိန်းသိမ်းထားနိုင်ဖို့ ဆက်တိုက်ရင်းနှီးမြှပ်နှံသွားဖို့ ရည်ရွယ်ပါတယ်။ တချိန်တည်းမှာပဲ၊ ကျွန် တော်တို့ရဲ့ ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်လက်တွဲဖေါ်တွေ၊ စားသုံးသူတွေနဲ့ ပြည်တွင်းက လူနေမှု ပတ်ဝန်းကျင်တစ်ခုလုံးကို တသတ်မတ်တည်း အလေးထား ထောက်ပံ့သွားဖို့လည်း ရည်ရွယ်ပါတယ်။
ဒီလိုမျိုး ရင်းနှီးမြှပ်နှံသွားဖို့ဆိုတာ၊ အင်မတန်မှအရေးပါပြီး၊ ရေရှည်ဆောင်ရွက်သွားရမယ့်၊ ကဏ္ဍတွေ ဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်ကစလို့၊ စားသုံးသူတွေအတွက်ပဲ၊ ဦးစားပေးဆောင်ရွက်ပြီး၊ စားသုံး သူတွေအတွက် အမြင့်မားဆုံး အရည်အသွေးတွေရှိတာတွေကိုသာ ထုတ်နိုင်ဖို့ တင်းကြပ်တဲ့ စံချိန်စံနှုန်း တွေကို အမြဲထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Grand Royal Black၊ Grand Royal Special Reserve၊ Signature နဲ့ Smooth တွေဟာ ဒီကဏ္ဍအတွင်းမှာ အပြည်ပြည်ဆိုင်ရာက ချီးမြှင့်ပေးအပ်တဲ့၊ ဆုတံဆိပ်ပေါင်း (၇၀) ကျော်ကို ဆွတ်ခူးရရှိထားပါတယ်။” ဟု ဆိုသည်။
“နှစ်စဥ်နှစ်တိုင်းမှာ၊ ကျွန်တော်တို့ ကုမ္ပဏီအစုအဖွဲ့က၊ လိုင်စင်ကြေးတွေ၊ အခွန်တွေ၊ အကောက်တွေ အားလုံး၊ မြန်မာကျပ်ငွေ၊ စုစုပေါင်း (၁၄၀) ဘီလီယံကို ပေးဆောင်နေပါတယ်။ ပြည်တွင်းကရတဲ့ ကုန် ကြမ်းတွေကို အသုံးပြုထုတ်လုပ်ထားတဲ့အတွက်၊ ပြည်တွင်းဖြစ် အစစ်အမှန်ဆိုတဲ့ အနှစ်သာရကို ဖေါ် ဆောင်ပေးနေပါတယ်။ ဥပမာအားဖြင့်၊ နှစ်တိုင်း၊ မြန်မာနိုင်ငံတွင်းက တောင်သူဦးကြီးတွေဆီကနေ ၊ ဆန်ကွဲတန်ချိန်ပေါင်း ရာထောင်ချီ၊ ဝယ်ယူနေတဲ့အတွက်၊ ပြည်တွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍကို မြန်မာကျပ်ငွေ ဘီလီယံချီပြီး အထောက်အကူပြုနေပါတယ်။ ယမကာထုတ်ကုန်တွေအတွက် အခွန် စည်းကြပ်မှုနဲ့အတူ၊ ထုတ်ပြန်လိုက်တဲ့ ဒီမူဝါဒအသစ်ဟာ၊ တရားမျှတမှုရှိပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တရားမျှတမှ၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ ရရှိနိုင် ပြီး၊ နိုင်ငံတွင်းက ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့တိုက်ရိုက်သော်လည်းကောင်း သွယ်ဝှက်၍ သော်လည်းကောင်း အကျိုးဆက်စပ်နေတဲ့ လူမှုအသိုင်းအဝန်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဟုလည်း Mr. Sanjay Gupta ကဆိုသည်။

Grand Royal Group International သည်၊ မြန်မာပြည်တွင်းတွင်သာမက၊ အာဆီယံ နယ်ပယ်အတွင်း ၌၊ အားလုံးအတွက် တရားမျှတ၍ အကျိုးအမြတ်ရှိသော ကူးသန်းရောင်းဝယ်ရေးဈေးကွက်ရှိစေရေး အတွက် စီးပွားဖက်လက်တွဲဖေါ်များ၊ နိုင်ငံ‌တော်အစိုးရဌာနများ၊ နိုင်ငံတကာမှ တတ်သိပညာရှင်များနှင့် အတူလက်တွဲ၍ တက်ညီလက်ညီ ဆောင်ရွက်လျက်ရှိသည်။ ကုမ္ပဏီအစုအဖွဲ့အနေနှင့် စားသုံးသူများ၊ ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသား မိဘပြည်သူများအတွက် အလေးထားကာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု များအပြည့်ဖြင့် သိက္ခာရှိစွာရပ်တည်လျက်ရှိသဖြင့် အထူးဂုဏ်ယူလျက်ရှိသည်။

Grand Royal Group International ကုမ္ပဏီအစုအဖွဲ့ကို ၁၉၉၅ ခုနှစ်မှ စတင်၍ ဝန်ထမ်းအင်အား (၅၀) ဦးခန့်ဖြင့်တည်ထောင်ခဲ့ပြီး၊ စားသုံးသူများအား ထူးခြားကောင်းမွန်သော ကုန်ပစ္စည်းများနှင့် ဝန် ဆောင်မှုများ ပေးနိုင်သဖြင့် လျင်မြန်စွာ ဂုဏ်သတင်းမွှေး၍ သိက္ခာရှိရှိ ရပ်တည်လာနိုင်ခဲ့ပါသည်။ (၂၅) နှစ်တိုင်တိုင်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိသည့် လုပ်ငန်းဖြစ်ကြောင်းအား သက်သေထူနိုင်ရန် နှင့် မြန်မာနိုင်ငံအတွင်းတွင် လေးစားထိုက်သောကုမ္ပဏီများ အနက်မှတစ်ခုဖြစ်စေရန်၊ အရည်အသွေး မြင့်မားသော ကုန်အမှတ်တံဆိပ်များကို တီထွင်စမ်းသစ်၍၊ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ကုမ္ပဏီအစုအဖွဲ့ သည် ယခုအခါတွင် ဈေးကွက်တွင် ဦးဆောင်လျက်ရှိပြီး၊ တိုက်ရိုက်ခန့်အပ်ထားသော ဝန်ထမ်းပေါင်း၊ (၂,၅၀၀) ကျော်ဖြင့်လုပ်ငန်းလည်ပတ်နေလျက်၊ နိုင်ငံတော်၏စီးပွားရေးကို အဓိကပံ့ပိုးနေသည့် လုပ်ငန်း များ အနက်တစ်ခုဖြစ်သည်။

ကုမ္ပဏီအစုအဖွဲ့ အနေနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်နေပြီး၊ အဓိက လိုအပ်သော နေရာများတွင် ရေရှည်အတွက် ရင်းနှီမြှပ်နှံမှုများပြု၍ အကျိုးပြုလျက်ရှိပါသည်။ အမြင် အာရုဏ်ချို့သော၊ အများပြည်သူပေါင်း (၇၄,၀၀၀) ကို၊ ပြန်လည်ကောင်းမွန်လာစေရန် ခွဲစိတ်ကုသမှု များဖြင့်လှူဒါန်းခဲ့သည်။ ပြီးနောက် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းများရှိ ၊ ကျေးရွာပေါင်း (၁၃၁) ရွာရှိ၊ အိမ်ခြေပေါင်း (၁၂,၃၇၉) အိမ်ခြေမှ အများပြည်သူ
ပေါင်း (၇၃,၃၃၄) ဦးအတွက်၊ သောက်သုံးရေကြည်ရေသန့်များ ရရှိရန်၊ ရေတွင်းများ၊ ရေပိုက်လိုင်းများ ၊ တိုင်ကီများတည်ဆောက် တပ်ဆင်ပေးကာ၊ ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် အရေးကြုံသည့်အခါတိုင်းတွင်လည်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အမြဲလက် တွဲကာ အားဖြည့်ကူညီမှုများဖြင့် တစ်တပ်တစ်အား ပံ့ပိုးခဲ့သည်။ ဥပမာ၊ နာဂစ်မုန်တိုင်းအပြီး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အားဖြည့်ပံ့ပိုးခဲ့ပြီး၊ ယခုဖြစ်ပွားနေသော၊ COVID-19 ရောဂါ၊ ကာကွယ် ၊တိုက်ဖျက်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် လက်တွဲလျက်၊ လက်သန့်ဆေးရည်များလည်း ထုတ်လုပ်လှူဒါန်းလျက်ရှိသည်။

Grand Royal Group International Co., Ltd welcomes fair competition through the Foreign Liquor Import policy

Grand Royal Group International Co.,Ltd တွဲဖက်ဥက္ကဌ ၏ တိုက်တွန်းနှိုးဆော်ချက်

ချစ်ခင်လေးစားအပ်ပါသော ဖောက်သည်များ၊ ဝန်ထမ်းများနဲ့ မိဘပြည်သူများ ခင်ဗျာ။

COVID-19 ရောဂါကို ဖြစ်ပွားစေတဲ့ ကော်ရိုနာရောဂါပိုးဟာ ကျွန်တော်တို့ လူမှု၀န်းကျင်တွေ အတွင်းမှာ အလျင်အမြန် ကူးစက်ပျံ့ပွားနိုင်တဲ့ ရောဂါပိုးဖြစ်သော်လည်း၊ ‌ကြောက်လန့်တုန်လှုပ်ခြင်းမရှိပဲ ခေါင်းအေးအေး ထားပြီး၊ နိုင်ငံတော်ရဲ့ခေါင်းဆောင်နဲ့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက အကြံပြုထားတဲ့ လမ်းညွှန်ချက် တွေကို သေချာလိုက်နာကြမယ်ဆိုရင် ဒီရောဂါပိုးကူးစက်ခြင်းကနေ ကာကွယ်နိုင် ပါတယ်။

ဒီရောဂါပိုးကြောင့် အခုလို ကြီးမားတဲ့ အခက်အခဲမျိုးရှိလာနိုင်တဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်စေဖို့ ကျွန်တော်တို့ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေအားလုံး လုံခြုံစိတ်ချရစေဖို့ စီမံဆောင်ရွက်ထားတဲ့ လုပ်ငန်းစဉ်တွေကို မျှဝေရန် အရေးကြီးတယ်လို့ ယုံကြည်မိပါတယ်။

COVID-19 ရောဂါဟာ ခုထိပျံ့ပွားလျက်ရှိပြီး ကျွန်တော်တို့ဟာ မသေချာမရေရာတဲ့ အခြေအနေမျိုးမှာ နေ့စဉ် နေထိုင်နေကြရပါတယ်။ သို့ပါသော်လည်း အခြေအနေတစ်မျိုးပြောင်းလဲသွားတာနဲ့ တပြိုင်နက် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဆုံးဖြတ်ချက်တွေကို လျင်မြန်စွာချမှတ် အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များနဲ့ အကြံပြုချက်များကိုလည်း စဉ်ဆက်မပြတ် လိုက်နာကျင့်သုံးလျက်ရှိပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အဖွဲ့အစည်း၊ ဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင်ရေး လက်တွဲဖော်တွေ၊ ကုန်ပစ္စည်းပံ့ပိုးသူတွေနဲ့ ကျွန်တော်တို့ လူမှုဝန်းကျင်တစ်ခုလုံး အတိုင်းအတာအတွက် အသက်အန္တရာယ် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတဲ့ အချက်ပါပဲ။

ကျွန်တော်တို့တွေအားလုံး စနစ်တကျ ညီညီညွတ်ညွတ်နဲ့အချင်းချင်း မေတ္တာတရားရှေ့ထားပြီး ရင်ဆိုင်ကျော်ြဖတ် ကြဖို့ တိုက်တွန်းရင်း အောက်ပါအကြောင်းအရာများကို တင်ပြအပ်ပါတယ်။

၁။ ကျွန်တော်တို့ ဌာနချုပ်ရုံးနဲ့ စက်ရုံတွေမှာ လိုက်နာဖို့ တင်းကြပ်တဲ့ လုံခြုံရေးစည်းမျဉ်း စည်းကမ်းတွေ ချမှတ် ထားပြီးဖြစ်ပါတယ်။

၂။ ဝန်ထမ်းတွေ၊ ကုန်ပစ္စည်းတွေ၊ ကုန်ပစ္စည်း တင်သွင်းသူ တွေကို ကုန်ထုတ်လုပ်မှုကဏ္ဍတွေ မရောင်းခင် သေချာစွာ စိစစ်စစ်ဆေးရေးများကို ဆောင်ရွက်နေပြီး၊ အလုပ်ခွင်မှာ လိုက်နာဖို့ တင်းကြပ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

၃။ ပိုးမွှားကင်းစင်ပြီး၊ သန့်ရှင်းဖို့အတွက် ပထမဦးစားပေးအနေနဲ့ ဆက်တိုက် အလုပ်လုပ်လျက်ရှိပါတယ်။

၄။ ၀န်ထမ်းတွေအားလုံးကိုလည်း နေကောင်းမကောင်း နေ့စဉ်နဲ့အမျှ စစ်ဆေးစောင့်ရှောက်နေပြီး၊ လိုအပ်ပါက အရေးပေါ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း စီမံထားပြီး ဖြစ်ပါတယ်။

၅။ ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းတွေဟာ ဒီရောဂါပိုးကြောင့် တစုံတရာထိခိုက်မှုမရှိအောင် သေချာ ကျနစွာ စီစဉ်ထားပြီးဖြစ်ပါသဖြင့် ကိုင်တွယ်၊ သောက်သုံးဖို့လုံခြုံစိတ်ချမှု အပြည့်အ၀ရှိနိုင်ပါတယ်။

၆။ အားလုံးအတွက် (၂၄) နာရီ ၊ (၇) ရက်ပတ်လုံး အချိန်ပြည့်နိုးကြား တာ၀န်ယူလျက်ရှိပါတယ်။

မိမိတို့ကိုယ်ပိုင်ဘ၀တွေ ဆက်လက်တိုးတက်ကြီးပွားစေဖို့ အားပေးတိုက်တွန်းရင်း ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်လျက် ကျွန်တော်တို့ထုတ်ကုန်ပစ္စည်းတွေကို ယုံကြည်ချက် ပြည့်ပြည့်၀၀နဲ့ နှစ်သက်နိုင်ပါစေလို့ ဆန္ဒပြုအပ် ပါတယ်။ မိဘပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး၊ ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းက မားမား မတ်မတ် ဦးဆောင်နေတဲ့ အဓိကအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအတွက် မေတ္တာဖြင့် အခမဲ့လက်သန့်ဆေးရည် ဗူးပေါင်း (၂၀၀,၀၀၀) ခန့် ကိုထုတ်လုပ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Grand Royal Group International Co.,Ltd နဲ့ အစုရှယ်ယာဝင်တွေအနေနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာပြီး၊ မိဘပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်နေကြပါတယ်။ လူစုလူ‌‌‌‌‌ဝေး မှန်သမျှရှောင်၍ သီးသန့်နေခြင်းပဲဖြစ်စေ၊ တစ်ဦးတည်းသီးသန့်နေထိုင်ခြင်းပဲဖြစ်စေ၊ တာ၀န်ယူမှု၊ တာ၀န်ခံမှု အပြည့်အ၀ယူ ထားသူပဲဖြစ်စေ၊ အကောင်းဆုံးကျင့်ကြံ နေထိုင်ကြပြီး၊ အဆက်အသွယ်မပြတ်ရှိနေကြပါ၊ ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်ကြပါရန်နဲ့ တစ်‌ဦးနဲ့တစ်ဦး ဖေးဖေးမမ ကူညီရိုင်းပင်းကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းနိုးဆော် လိုက်ရပါတယ် ခင်ဗျာ။

ကျွန်တော်တို့အပေါ်မှာအပြည့်အဝ ယုံကြည်စိတ်ချတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း။

Grand Royal Group International ၏ တွဲဖက်ဥက္ကဌ