မန္တလေးအင်အားပြင်းငလျင်အပြီး GRGI ၏ ကူညီထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်နေမှုများ

June 14, 2025

GRGI သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော (၇.၇) အဆင့် ရှိ အင်းအားပြင်း ငလျင်ကြောင့် ဘေးဒုက္ခ ရောက်ခဲ့ကြသော ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ လူထုများအတွက် အရေးပေါ်ကူညီရေးလုပ်ငန်းများကို မြန်ဆန်စွာ ကူညီလှူဒါန်းထောက်ပံ့ နိုင်ခဲ့ ပါ သည်။

✅ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း အတည်ပြုနိုင်ပြီး၊ အချို့ ဝန်ထမ်းများမှာ ကိုယ်ပိုင် ပစ္စည်းပျက်စီးမှုနှင့်မိသားစုဝင်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပါသည်။
✅ မန္တလေးစက်ရုံတွင် လုံခြုံရေးစစ်ဆေးမှုများပြီးနောက် မတ်လ ၂၉ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင်ခဲ့ပြီး၊ မန္တလေးရှိ အခြား လုပ်ငန်း လုပ်ဆောင်ရာ နေရာများ တွင်လည်း လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ခဲ့ပါသည်။

ကူညီထောက်ပံ့ရေးအစီအစဉ်များ

ဝန်ထမ်းများကိုထောက်ပံ့ပေးခြင်း
• မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းရှိ ဝန်ထမ်းများအား အခြေခံအစားအသောက်၊ ဆေးဝါး၊ အရေးပေါ်ကုသရေးပစ္စည်းများနှင့်ခြင်ထောင်များအားဝန်ထမ်း(၆၁၀)ဦးစာကူညီလှူဒါန်းထောက်ပံ့ပေးခဲ့ပါသည်။
•အိမ်ပျက်စီးမှုအခြေအနေပေါ် မူတည်၍ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ပိုင်းဆိုင်ရာ ပစ္စည်းများကို (၁၃၆) အိမ်ထောင်စုစာ ကူညီလှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။

ဒေသခံပြည်သူများအားကူညီထောက်ပံ့ပေးခြင်း(သင်္ကြန်အပြီး)
ဧပြီ၊ မေ၊နှင့် ဇွန်လများအတွင်းထိခိုက်မှုအများဆုံးဖြစ်သော ဒေသ (၉) ခုအတွင်းရှိ အိမ်ထောင်စု ၂,၅၀၀ ကျော်အား အခြေခံအစားအသောက်၊ ဆေးဝါး၊ အရေးပေါ်ကုသရေးပစ္စည်းများနှင့် ခြင်ထောင်များ အားကူညီလှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။

ဒေသအလိုက် ကူညီလှူဒါန်းထောက်ပံ့မှုအကျဉ်းချုပ်

ထိခိုက်မှုအများဆုံးမြို့ လှူဒါန်းသည့်ရက် အိမ်ထောင်စုအရေအတွက်
၁. ပျဉ်းမနား ၂၀၂၅၊ ဧပြီ ၂၈ ၄၄၀
၂. လယ်ဝေး ၂၀၂၅၊ ဧပြီ ၂၉ ၅၃
၃. တပ်ကုန်း ၂၀၂၅၊ ဧပြီ ၂၉ ၅၃
၄. နေပြည်တော် (သပြေကုန်း) ၂၀၂၅၊ ဧပြီ ၂၉ ၅၄
၅. စစ်ကိုင်း ၂၀၂၅၊ မေ ၂၇ ၃၀၀
၆. မန္တလေး (မဟာအောင်မြေ၊ အမရ ပူရ) ၂၀၂၅၊ မေ ၂၈၊ ၃၀ ၈၆၅
၇. အင်းလေး ၂၀၂၅၊ ဇွန် ၅ ၃၀၀
၈. ရမည်းသင်း ၂၀၂၅၊ ဇွန် ၇ ၂၂၈
၉. ပျော်ဘွယ် ၂၀၂၅၊ ဇွန် ၇ ၂၂၂
စုစုပေါင်း ၂,၅၁၅

ကုန်သွယ်ရေးမိတ်ဖက်များအတွက်ကူညီလှူဒါန်းထောက်ပံ့မှုများ
GRGI သည် ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုများအပြင် မန္တလေးရှိ ကုန်သွယ်ရေး မိတ်ဖက်များ အတွက်လည်း အထောက်အပံ့များ ဆက်လက်ပေးအပ်လျက်ရှိနေသည်။ မန္တလေးတွင် ကုန်ပစ္စည်း ဆုံးရှုံးမှုများ ဖြစ်ပွားခြင်းများအတွက် အရောင်းဌာနက ကူညီလှူဒါန်းထောက်ပံ့မှု များကို စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိနေပါသည်။

ငလျင်လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း GRGI အနေနှင့် ကူညီလှူဒါန်း ထောက်ပံ့မှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေပါ သည်။ ကုမ္ပဏီ၏ စံတန်ဖိုး (၃) ခု ဖြစ်သော တန်ဖိုးဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းနှင့် ပတ်သက်နှီးနွှယ်သူများ အပေါ်အလေးထားမှုများ ကို အခြေခံကာ ဝန်ထမ်းများ အပြင် ကုန်သွယ် မိတ်ဖက်များနှင့် ဒေသခံ ပြည်သူလူထုများ အတွက်လည်း အတူရပ်တည် လျက် ရှိနေပါသည်။